ပေါ့ဘာကို ပြန်လည်ခေါ်ယူရန်အတွက် ကစားသမား (၃)ဦး ဂျူဗီ ရောင်းထုတ်ဖွယ်ရှိ

ပေါ့ဘာကို ပြန်လည်ခေါ်ယူရန်အတွက် ကစားသမား (၃)ဦး ဂျူဗီ ရောင်းထုတ်ဖွယ်ရှိ
Photo: AFP
Photo: AFP
Published 3 November 2021

 

ဂျူဗင်တပ်စ်အသင်းသည် ပေါ့ဘာကို ပြန်လည်ခေါ်ယူရန်အတွက် အသင်းမှ ကစားသမား (၃)ဦးဖြစ်သည့် ရာဘီယူ၊ မက်ကန်နီးနှင့် ရမ်ဆေးတို့အား ရောင်းထုတ်သွားဖွယ်ရှိနေကြောင်းသိရသည်။

ပေါ့ဘာသည် ၂၀၁၆ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ယူရို (၁၀၅)သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ 

ယခုအခါ ပေါ့ဘာ၏ မန်ယူအသင်းကစားသမားဘဝအနာဂတ်မှာ မရေမရာဖြစ်လာပြီး လက်ရှိရာသီကုန်ဆုံးချိန်တွင် ဂျူဗင်တပ်စ်အသင်းအနေဖြင့် အလွတ်ခေါ်ယူခွင့်ရရှိဖွယ်ရှိနေသည်။ 

သို့သော် ဂျူဗင်တပ်စ်အသင်းသည်  ပေါ့ဘာကို တစ်နှစ်လစာယူရို (၁၂)သန်းခန့် ပေးရဖွယ်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent