တရုတ်က အာကာသအတွင်း ပျံသန်းနိုင်သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်အသစ်ကို စမ်းသပ်ခဲ့ဟု Financial Times သတင်းတွင်ဖော်ပြ

တရုတ်က အာကာသအတွင်း ပျံသန်းနိုင်သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်အသစ်ကို စမ်းသပ်ခဲ့ဟု Financial Times သတင်းတွင်ဖော်ပြ
စက်တင်ဘာ ၂၉ ရက်က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကျူဟိုင်မြို့တွင်ပြုလုပ်သည့် လေကြောင်းပြပွဲကို လာရောက်လည်ပတ်သူများက ဒုံးပျံပုံစံတူများကို ကြည့်ရှုနေစဉ် (Photo: AFP)
စက်တင်ဘာ ၂၉ ရက်က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကျူဟိုင်မြို့တွင်ပြုလုပ်သည့် လေကြောင်းပြပွဲကို လာရောက်လည်ပတ်သူများက ဒုံးပျံပုံစံတူများကို ကြည့်ရှုနေစဉ် (Photo: AFP)
Published 17 October 2021
Ref: AFP

တရုတ်နိုင်ငံသည် အာကာသအတွင်း ပျံသန်းနိုင်စွမ်းရှိသည့် ဟိုက်ပါဆိုးနစ်ဒုံးကျည် အသစ်တစ်မျိုးကို စမ်းသပ်ခဲ့သည်ဟု Financial Times သတင်းစာက အောက်တိုဘာလ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းစပ်သပ်မှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်အများအပြားကို ကိုးကားပြီး ဖော်ပြခဲ့သည့် ယင်းသတင်းထုတ်ပြန်မှုတွင် တရုတ်အစိုးရသည် ပစ်မှတ်ဆီသို့မရောက်မီအချိန်တွင် ကမ္ဘာ့ပတ်လမ်းအနိမ့်တွင် ပျံသန်းနိုင်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံး ကျည်ကို သြဂုတ်လအတွင်းက ပစ်လွှတ်ခဲ့ သည်ဟု ဖော်ပြထားပြီး သတင်းရင်းမြစ်သုံးခု ကမူ ယင်းဒုံးကျည်သည် ပစ်မှတ်နှင့် မိုင် ၂၀ ခန့်လွဲချော်သွားခဲ့သည်ဟု ဆိုသည်။

ယင်းဒုံးကျည်ကို သယ်ဆောင်ပစ်လွှတ်မည့် hypersonic glide vehicle ကို Long March ဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး တရုတ်သည် ယင်းကဲ့သို့ စမ်းသပ်မှုများကို ယခင်က ကြေညာခဲ့သော်လည်း သြဂုတ်လက ပြုလုပ်ခဲ့သည့် စမ်းသပ်မှုကိုမူ ဖုံးကွယ်ထားခဲ့သည်။

ထို့ပြင် ဟိုက်ပါဆိုးနစ်လက်နက်များ ထုတ်လုပ်မှုတွင် တရုတ်၏ တိုးတက်မှုကို အ မေရိကန်ထောက်လှမ်းရေးအဖွဲ့များက အံ့ အားသင့်ခဲ့သည်ဟု သတင်းတွင်ဖော်ပြခဲ့ သည်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ယင်းသတင်းထုတ်ပြန်မှုအပေါ် အသေးစိတ် မှတ်ချက်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း မိမိတို့အနေဖြင့် ဒေသတွင်းနှင့် ယင်းထက်ကျော်လွန်သည့်နေရာ ဒေသများတွင် တင်းမာမှုများသာမြင့်တက်စေနိုင်သည့် တရုတ်၏ စစ်ရေးစွမ်းဆောင်ရည် များအပေါ် စိုးရိမ်မှုများရှိနေသည် ရှင်းလင်း စွာဖော်ပြခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ ယင်း အချက်ကြောင့် မိမိတို့သည် တရုတ်ကို နံပါတ် တစ် စိန်ခေါ်မှုနေရာတွင် ထားရှိခဲ့ခြင်းဖြစ် သည်ဟု ဂျွန်ကာဘီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအပြင် အမေရိကန်၊ ရုရှား နှင့် ငါးနိုင်ငံထက်မနည်းသည် ဟိုက်ပါဆိုးနစ် နည်းပညာကို လုပ်ဆောင်နေသည်။

ဟိုက်ပါဆိုးနစ်ဒုံးကျည်များသည် သမား ရိုးကျ ပဲ့ထိန်းဒုံးကျည်များကဲ့သို့ပင် နျူကလီး ယားထိပ်ဖူးများသယ်ဆောင်နိုင်ပြီး အသံ ထက်ငါးဆကျော် ပိုမိုလျင်မြန်စွာပျံသန်းနိုင် သည်။

သို့သော်လည်း ပဲ့ထိန်းဒုံးကျည်များသည် ပစ်မှတ်ကိုမရောက်မီတွင် အလွန်မြင့်မား သည့်အာကာသထဲတွင်ပျံသန်းနိုင်ပြီး ဟိုက်ပါ ဆိုးနစ်ဒုံးကျည်များမှာမူ ပစ်မှတ်ကို ပိုမိုလျင် မြန်စွာရောက်ရှိစေရန် လေထုထဲတွင် လမ်း ကြောင်းအနိမ့်တွင်သာ ပျံသန်းသည်။

အရေးကြီးသည့်အချက်မှာ ဟိုက်ပါဆိုး နစ် ဒုံးကျည်သည် ထိန်းသိမ်းရလွယ်ကူပြီး ယင်းဒုံးကျည်ကို ခြေရာခံရခက်ခဲပြီး ကာကွယ် ရန်လည်းခက်ခဲခြင်းဖြစ်သည်။

အမေရိကန်ကဲ့သို့ အင်အားကြီးနိုင်ငံများသည် ခရုစ်ဒုံးကျည်နှင့် ပဲ့ထိန်းဒုံးကျည်များကို ကာကွယ်ရန် စနစ်များ တီထွင်ခဲ့သော် လည်း ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို ခြေရာခံနိုင်စွမ်းနှင့် ကြားဖြတ်ပစ်ချနိုင်စွမ်းရှိ၊ မရှိဆိုသည့် အပေါ် မေးခွန်းများထွက်ပေါ်နေဆဲဖြစ် သည်။                                            

 

Most Read

Most Recent