ဘန်ဇီမာ၊ ဘာပေ၊ ဒေးရွှမ့်တို့အကြောင်း ပြောတဲ့ ဂျရူး

ဘန်ဇီမာ၊ ဘာပေ၊ ဒေးရွှမ့်တို့အကြောင်း ပြောတဲ့ ဂျရူး
Photos: Getty Images & AFP
Photos: Getty Images & AFP
Published 16 October 2021
Chan Myae

ဂျရူးက ဆွဲဆောင်မှုရှိတဲ့၊ ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားသမားအမျိုးအစားတော့ မဟုတ်ဘူး။ သူ့ကစားပုံက ထိရောက်မှုရှိတယ်ဆိုရင်တောင် ကစားဟန်က လေးတယ်။ ပြီးတော့ အသက်ကလည်း ကြီးပြီ။ ပြင်သစ်အသင်းအတွက် ဘယ်တော့မှ ပြန်မရွေးသင့်တော့ဘူးလို့ သုံးသပ်သူတွေလည်း ရှိတယ်။ ဂျရူးကတော့ "ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်တွေ့ရင် ဒီအတိုင်းပဲ ပြောမှာလား။ လူတွေက ကိုယ့်ကိုယ်ဝေဖန်တဲ့အခါ သူတို့ထဲက အများစုဟာ ကွန်ပျူတာမျက်နှာပြင်ကနေ၊ ဆိုရှယ်မီဒီယာအကောင့်တွေကနေ ပြောချင်တာ တွေပြောနေကြတာ များတယ်။ ကျွန်တော် သူတို့ ပြောတာတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော် ကစားတာ ကောင်းသလား၊ မကောင်းဘူးလားဆိုတာ ကျွန်တော် သိတယ်။ ဆိုရှယ်မီဒီယာပေါ်တက်ပြီး သူတို့ဘာတွေတင်မလဲဆိုတာကို လိုက်ကြည့်နေစရာမလိုဘူး။ အရေးအကြီးဆုံးက ပုံစံကောင်းကို ထိန်းနိုင်အောင်ကြိုးစားဖို့နဲ့ ဝေဖန်မှုတွေကို လျစ်လျူရှုနိုင်ဖို့ပါပဲ"လို့ ဆိုတယ်။