■ ချန်ပီယံလိဂ် ပွဲစဉ်-၃(ပထမနေ့) ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် ပွဲစဉ်-၃(ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Photo: AP
Photo: AP
Published 22 October 2024

◘ ရီးယဲလ်မက်ဒရစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)

ပွဲက ခက်ခဲကြမ်းတမ်းမယ့်ပွဲပါ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ် အိမ်ကွင်းဖြစ်နေတာနဲ့ ပြိုင်ပွဲအတွေ့အကြုံက ဒီပွဲမှာ အားသာစေမယ့် အနေအထားဖြစ်တယ်။ လက်ရှိအချိန်အထိ ရီးယဲလ်မက်ဒရစ်ကို အကောင်းဆုံးပုံစံနဲ့တော့ မတွေ့ရသေးဘူး။ ပြီးခဲ့တဲ့ပွဲမှာလည်း ပြင်သစ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိုင်လီကို ရှုံးခဲ့တယ်။ ဒေ့ါမွန်က ဆဲလ်တစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မယုံနိုင်စရာရလဒ်ကို ယူပြခဲ့တယ်။ ဒါပေမဲ့ ဒေါ့မွန်ရဲ့ ဒီရာသီ Form က အရမ်းတော့ မယုံကြည်ရဘူး။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့တဲ့ အသင်းနှစ်သင်းဖြစ်ပြီး ဒီပွဲက မကျေပွဲအဖြစ် ပြန်ကစားရမယ့် ပွဲလည်းဖြစ်နေတယ်။ မက်ဒရစ်ပဲ အနိုင်ရဖို့ရှိပါတယ်။

◘ အာဆင်နယ် - ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)

အာဆင်နယ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းကို ရှုံးပွဲတွေ့ခဲ့တယ်။ အသင်းလိုက်ကစားဟန်က မဆိုးပါဘူး။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာ ဖန်တီးမှုစွမ်းရည် ကျဆင်းနေပြီး အသင်းကလည်း လိုအပ်တာထက် ပိုထိုင်ကစားချင်နေတယ်။ မာကျောမှုဘက်ကို ပိုသွားချင်တဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ရှက်တာဒိုးနက်ကတော့ ရှင်းရှင်းပြောရင် တော်တော်ညံ့ပါတယ်။ အတ္တလန်တာကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ခြေကလည်း ရှက်စရာပါ။ ဒီပွဲကတော့ အာဆင်နယ်လွယ်ပါတယ်။

◘ PSG - PSV (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)

PSV ကလည်း ဒီရာသီ နယ်သာလန်လိဂ်မှာ ခြေစွမ်းပြနေတာ တွေ့ရတယ်။ အသင်းလိုက်ကစားပုံလည်း တော်တော် လေးကောင်းတယ်။ ဒါပေမဲ့ စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ပွဲတုန်းက သရေကျခဲ့ပေမဲ့ ခြေသိပ်မမီချင်ဘူး။ PSG ကတော့ အာဆင်နယ်ကို ရှုံးခဲ့တဲ့အတွက် ဒီပွဲမှာ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားလိမ့်မယ်။ အိမ်ကွင်းပွဲစဉ်လည်း ဖြစ်နေတယ်။ PSG နိုင်ပွဲယူပါလိမ့်မယ်။

◘ ဂျူဗင်တပ်စ် - စတုဂတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)

ဂျူဗင်တပ်စ်အသင်းက ပုံစံကောင်းပြနေတယ်။ အသင်းမှာ လူငယ်ကစားသမားတွေ အများကြီးရှိနေပြီး ပုံစံသစ်အသင်းတစ်သင်းကို မြင်ရတယ်။ လာဇီယိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း အဓိကကစားသမားအတော်များများ အနားပေးထားတာတောင် ဂျူဗင်တပ်စ်ရဲ့ပုံစံက အထင်ကြီးစရာကောင်းခဲ့တယ်။ စတုဂတ်က ရီးယဲလ်မက်ဒရစ်ကို ကစားခဲ့တဲ့ ခြေစွမ်းကောင်းသလောက်  အခုနောက်ပိုင်းရလဒ်တွေ အားရစရာမရှိဘူး။ ဂျူဗင်တပ်စ်ပဲ နိုင်ပွဲယူသွားလိမ့်မယ်။

◘ အေစီမီလန် - ကလပ်ဘရုဂေး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၂ ရက် ည ၁၁:၁၅ နာရီ)

အေစီမီလန်က ချန်ပီယံလိဂ်မှာ နှစ်ပွဲကစားပြီး နှစ်ပွဲစလုံး ရှုံးထားတယ်။ အဖွင့်ပွဲတုန်းက လီဗာပူးလ်ကို မယှဉ်နိုင်ပဲ ရှုံးခဲ့သလို၊ ဒုတိယပွဲမှာလည်း လေဗာကူဆင်က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်။ ဒီပွဲကတော့ အေစီမီလန်အတွက် တော်တော်လေး အရေးကြီးနေတဲ့ပွဲဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲယူဖို့လိုနေတယ်။ ဘရုဂေးကတော့ အေစီမီလန်အတွက် အရမ်းခက်ခဲမယ့် ပြိုင်ဘက်မဟုတ်ပါဘူး။

◘ အက်စတွန်ဗီလာ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)

အက်စတွန်ဗီလာကတော့ အူနိုင်းအမ်မရီနဲ့အတူ ဥရောပမှာပါ စာရင်းပေါက်လာတယ်။ ကြောက်စရာကောင်းလာတယ်။ အသင်းမှာလည်း အရည်အသွေးမြင့်ကစားသမားတွေ အများကြီးဖြစ်လာတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ကစား ပြလိုက်တာက ဒီအသင်းက လျှော့တွက်လို့မရတဲ့ အနေအထားဖြစ်နေပြီဆိုတာကို ပြတယ်။ ဘိုလော့ဂ်နာကလည်း သီယာဂိုမော့တာ ဆက်ရှိနေရင် ပိုကောင်းနိုင်ပေမဲ့ အခုကတော့ အဆိပ်မရှိပါဘူး။ အက်စတွန်ဗီလာပဲ နိုင်မယ်။

◘ အခြားပွဲစဉ်များ

*မိုနာကို    -    ဇဗက်ဒါ

*ဂျီရိုနာ    -    ဆလိုဗန်

စတမ်းဂရက်ဇ်    -    စပို့တင်းလစ္စဘွန်း*

Most Read

Most Recent