■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို

■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
Published 14 November 2024

ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို သတိပေးဖောက်ခွဲခဲ့ကြောင်း Dark Shadow အမည်ရှိ PDF အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ထားမှုတွင် ယနေ့(နိုဝင်ဘာ ၁၄ ရက်) မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် တွင် ရန်ကင်းမြို့နယ် ဘောက်ထော် မြရတနာလမ်းရှိ အနုပညာရှင်ရန်အောင်၏နေအိမ်ကို ၎င်းတို့အဖွဲ့က ပြင်းအားပျော့မိုင်းအသုံးပြု၍ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်သည်

နစကအား ထောက်ခံအားပေးနေကြောင်းကို Social Media များပေါ်တွင် မြင်တွေ့နေရသဖြင့် ၎င်း၏ နေအိမ်ကို ပထမဆုံးအကြိမ် သတိပေးသည့်အနေဖြင့်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်သည်။

ထို့အတူ နစကအားထောက်ခံသည့် အခြားအနုပညာရှင်များကိုလည်း သတိပေးကြောင်း Dark Shadow အဖွဲ့၏ ထုတ်ပြန်ချက်တွင်ခြိမ်းခြောက် ရေးသားထားသည်ကို တွေ့ရသည်။

ရန်ကင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မေ ၃၀ ရက်  ညပိုင်းက အဆိုတော် ဒေါ်လီလီနိုင်ကျော်သည်   ပြင်ပမှ  (၂) ရပ်ကွက်၊ ရန်အောင်လမ်းရှိ ၎င်း၏နေအိမ်သို့ ကိုယ်ပိုင်မော်ယာဉ်ဖြင့် မောင်းနှင်ပြန်လာစဉ် နေအိမ်တိုက်ရှေ့ အရောက်တွင် PDF တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သဖြင့် ယာနားထင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာ ဇွန် ၆ ရက်တွင် ရရှိသောဒဏ်ရာဖြင့် ဒေါ်လီလီနိုင်ကျော် ကွယ်လွန်ခဲ့သည်။

 

 

Most Read

Most Recent