ရာသီအဖွင့်ပွဲတွင် စီရော်နယ်လ်ဒို ပွဲထွက်စာရင်း မပါဝင်သော်လည်း အသင်း၌ ဆက်ရှိနေမည်ဟု ဒုဥက္ကဋ္ဌ နက်ဗက် အတည်ပြု

ရာသီအဖွင့်ပွဲတွင် စီရော်နယ်လ်ဒို ပွဲထွက်စာရင်း မပါဝင်သော်လည်း အသင်း၌ ဆက်ရှိနေမည်ဟု ဒုဥက္ကဋ္ဌ နက်ဗက် အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 23 August 2021

ယခုနွေရာသီတွင် အပြောင်းအရွှေ့ သတင်းများထွက်ပေါ်နေသည့် စီရော်နယ်လ်ဒိုအနေဖြင့် ရာသီအဖွင့်ပွဲစဉ်၌ ပွဲထွက်စာရင်း မပါဝင်သော်လည်း အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းဒုဥက္ကဋ္ဌ နက်ဗက်က အတည်ပြုပြောကြားခဲ့သည်။

အသက် (၃၆) နှစ်ရှိပြီဖြစ်သည့် တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ယခုနွေရာသီတွင် ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပြီး တနင်္ဂနွေနေ့က အူဒီးနီးစ်အသင်းနှင့်ကစားသည့် ရာသီအဖွင့်ပွဲ၌ ပွဲထွက်စာရင်းမပါဝင်ခြင်းမှာ ၎င်း၏တောင်းဆိုမှုကြောင့်ဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက Twitter တွင် ရေးသားဖော်ပြခဲ့သည်။

သို့သော် ယင်းသတင်းများနှင့် ပတ်သက်၍ ဂျူဗင်တပ်စ်အသင်းဒုဥက္ကဋ္ဌ နက်ဗက်က '' ရော်နယ်လ်ဒိုက ဒီရာသီ ဂျူဗင်တပ်စ်မှာပဲ ဆက်ရှိနေမယ်ဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ရာသီစတင်ချိန်မှာ သူ့ရဲ့ကြံ့ခိုင်မှုက အမြင့်ဆုံးရှိမနေပါဘူး။ အဲဒါကြောင့် ကစားသမားနဲ့အတူ ဆုံးဖြတ်ခဲ့တာပါ။ ဒီအချိန်မှာ နည်းပြအနေနဲ့ အကောင်းဆုံးဖြစ်မယ့် ပွဲထွက်စာရင်းကိုပဲ ရွေးချယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဥပမာပြောရရင် ဂျော်ဂျီယိုချီလီနီလည်း ဒီနေ့ အရန်ခုံမှာပဲ ပါတာကို ကြည့်လိုက်ပါ'' ဟု တုံ့ပြန်ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဒုတိယပိုင်း (၅၉) မိနစ်တွင် လူစားလဲဝင်ရောက်ကစားခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုနောက်ဆုံးမိနစ်တွင် အနိုင်ဂိုးသွင်းယူခဲ့သော်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရသည်။

Most Read

Most Recent