ဘန်ဇီမာမှာ လွန်ခဲ့သည့် (၆)နှစ်ကထက် ပိုမိုပြည့်စုံလာပြီဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ချီးကျူး

ဘန်ဇီမာမှာ လွန်ခဲ့သည့် (၆)နှစ်ကထက် ပိုမိုပြည့်စုံလာပြီဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 18 August 2021

 

ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်း၏တိုက်စစ်မှူး ဘန်ဇီမာမှာ ရီးယဲလ်အသင်းအား မိမိ ပထမအကြိမ်ကိုင်တွယ်သည့် လွန်ခဲ့သည့် (၆)နှစ်ကထက် ပိုမိုပြည့်စုံလာပြီဟု ချီးကျူးပြောကြားခဲ့သည်။ 

ဘန်ဇီမာသည် အလာဗတ်စ်အားအနိုင်ရသော လာလီဂါပွဲစဉ်တွင် အသင်းအတွက် (၂)ဂိုး သွင်းယူပေးခဲ့ပြီး အသင်း၏တိုက်စစ်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့သည်။ 

အန်ဆယ်လော့တီက "သူ့ (ဘန်ဇီမာ)ကို လွန်ခဲ့တဲ့ (၆)နှစ်ကအချိန်နဲ့ ပြန်နှိုင်းယှဉ်ကြည့်ပါတယ်။ သူဟာ အရာရာမှာ ပိုမိုပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာပါပြီ" ဟု ချီးကျူးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent