အင်တာမီလန်အသင်းဟာ အသင်းတိုက်စစ်မှူး လူကာကူကို လက်လွှတ်ရပြီး နောက်တစ်ရက်မှာပဲ ရိုးမားအသင်းက ၀ါရင့်ကစားသမား ဂျက်ကိုနဲ့ ပြန်လည်အစားထိုးခဲ့ပါတယ်။ အင်တာအသင်းက ဂျက်ကိုကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူကာ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ခဲ့ပြီး လာမယ့်ရာသီမှာ အင်တာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ရင် ရိုးမားအသင်းထံ ယူရို (၁.၅)သန်း ပေးချေရမယ့်အချက်ကို ထည့်သွင်းထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဂျက်ကိုဟာ အင်တာကို တရားဝင်ရောက်ရှိတဲ့နေ့မှာပဲ ဒိုင်နမိုကိဗ်နဲ့ခြေစမ်းပွဲမှာ ဝင်ကစားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အင်တာအသင်း ဝက်ဘ်ဆိုက်နဲ့ ဂျက်ကို ပြောဆိုခဲ့တာတွေကို အင်တာဗျူးအဖြစ် ပြန်လည်ဖော်ပြလိုက်ရပါတယ် . . .
''အင်တာမီလန်အတွက် အရာအားလုံးပေးဆပ်သွားမှာပါ''















