ကိုဗစ်ကာလမှာ ​နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ရာဇဝတ်သားတွေ ဖြစ်နေပြီလား

ကိုဗစ်ကာလမှာ ​နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ရာဇဝတ်သားတွေ ဖြစ်နေပြီလား
နေရပ်ပြန်မြန်မာလုပ်သားများအား မြဝတီ အမှတ် (၂) တံတားတွင် သြဂုတ် ၁၁ ရက်က တွေ့ရစဉ်
နေရပ်ပြန်မြန်မာလုပ်သားများအား မြဝတီ အမှတ် (၂) တံတားတွင် သြဂုတ် ၁၁ ရက်က တွေ့ရစဉ်
Published 15 August 2021
ကိုရွှေသိန်း (မြဝတီ)

မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲ​​ဆောက် အမှတ်(၂) ချစ်ကြည်​ရေးတံတားက​နေတစ်ဆင့် ​ထိုင်းနိုင်ငံ​နေရာအနှံ့အပြားမှ နေရပ်ပြန် မြန်မာလုပ်သား​တွေကို မြန်မာနိုင်ငံဘက်က တစ်ရက်ခြား ဆက်လက်ကြိုဆို​နေဆဲဖြစ်ပါတယ်။

ကိုဗစ်ကာလ တတိယလှိုင်း ကူးစက်ပျံ့နှံ့ မှု ပြင်းထန်​နေတဲ့ထိုင်းနိုင်ငံအတွင်း  ခရိုင်ချင်းဆက် သွားလာမှု ကန့်သတ်တားမြစ်ထားချိန်မှာ ​နေရပ်ပြန်လာသူ​တွေက ယခင်ကလို သာမန်ခရီးသွား ကားစီးပြန်လာလို့မရသလို အခက်အခဲ​ပေါင်းများစွာ ကြုံနေရတယ်လို့ ​နေရပ်ပြန်လာသူ​တွေက ဆိုပါတယ်။

COVID-19 အ​ရေး​ပေါ်ကာလအတွင်း  ​နေရပ်ပြန်ကြိုဆို​ရေးကို မြန်မာနိုင်ငံဘက်က ဇူလိုင် ၁၉ ရက်က နောက်ဆုံးကြိုဆိုခဲ့​တဲ့အတွက် ထိုင်းနိုင်ငံမဲ​ဆောက်ဘက်မှာ ပိတ်မိ​နေသူ ၈၀၀ ​ကျော် ကျန်ရှိ​နေခဲ့တာဖြစ်ပါ တယ်။

နယ်စပ်မဲ​ဆောက်မြို့သို့ ​ရောက်ရှိလာပြီး ပိတ်မိ​နေသူ​တွေနဲ့ ​နယ်စပ်သို့ ဆက်လက်​ရောက်ရှိလာသူ​တွေကို ပြန်လည်ကြိုဆိုတဲ့ အနေနဲ့ မြန်မာနိုင်ငံဘက်မှ  ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက် မှစတင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား​တွေကို မြဝတီခရိုင် မြို့နယ်  တာဝန်ရှိသူ​တွေက ကြိုဆိုအားပေးကြပြီး ကို ဗစ်ရောဂါနဲ့သက်ဆိုင်တဲ့ အသိပညာ ပေးမှုကို လည်း​ဆောင်ရွက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာ​ရွှေ့​ပြောင်းလုပ်သား​တွေကို COVID-19 ရောဂါ ပိုး ရှိ မရှိ ချက်ချင်းစစ်ဆေးပေးတယ်။ ရော ဂါပိုးရှိသူ​တွေကို မြဝတီမြို့ မဲကနယ် ကိုဗစ် စင်တာမှာ ကုသမှုခံယူစေမည်ဖြစ်ပြီး ရော ဂါပိုးမရှိသူ​တွေကို​တော့ အမှတ်(၄)ရပ်ကွက် မှာရှိတဲ့ ကျောက်လုံးကြီး ကွာရန်တင်းစခန်းမှာ ၁၀ ရက်ကန့်သတ် ​စောင့်ကြပ်ထားမှာဖြစ် ပါတယ်။

မဲဆောက်မှာ​သောင်တင်ခဲ့တဲ့​နေရပ်ပြန်​​၈၀၀ ​ကျော်ဟာလည်း ထိုင်းနိုင်ငံရဲ့ ရဲ၊ လဝက နဲ့ အထူးထိန်းသိမ်း​ရေးကနေပြန်လာသူ​တွေ ဖြစ်ပါတယ်။ရာဇဝတ်မှု  ဥပ​ဒေတစ်ခုခု မကျူး လွန်ပါဘဲနဲ့  အမိမြေကိုပြန်ချင်လွန်းတဲ့ အိမ် လွမ်းစိတ်တွေနဲ့ ထိုင်းလဝကကို ပိုက်ဆံ​ပေး ပြီးပြန်လာကြတာဖြစ်ပါတယ်။

မဲဆောက်မြို့မှာ အ​ခြေစိုက်​နေထိုင်ပြီး မြန်မာအလုပ်သမား​တွေကိုကူညီ​ဆောင်ရွက်​ပေး​နေတဲ့ မြန်မာပြည်သားများအ​ရေးပူးတွဲ လှုပ်ရှားမှု​ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုး ကြိုးက “နေရပ်ပြန်လာသူ​တွေဟာ ထိုင်းလဝက ရဲ ဝန်ထမ်း​တွေကို ပွဲစား​တွေကတစ်ဆင့်  ပိုက် ဆံ​ပေးပြီးလာကြတာပါ။​ ငွေ​ကြေး​ပေးရတယ်။ ​ငွေ​ကြေး​ပေးတိုင်းလည်း ချက်ချင်းပြန်လို့ရ တာမဟုတ်ပါဘူး။ ဘန်​ကောက်မှာရက်​စောင့် ရတယ်။ သူ​ပေးတဲ့ ငွေပမာဏ အနည်းအများ​ပေါ်လည်း မူတည်​သေးတယ်။ ပိုက်ဆံဘတ် ၃၀၀၀ ​လောက်​ ပေးထားသူနဲ့ ဘတ် ၇၅၀၀၊ ၈၀၀၀ ​ပေးထားနဲ့သူနဲ့ ​စောင့်ရတာချင်း​တော့ မတူဘူး။ ဒီလိုငွေ​ပေးပြီး ပြန်လာကြ​ပေမဲ့ ထိုင်း နိုင်ငံကို ပြန်သွားလို့မရ​တော့တဲ့ အခက်အခဲ​ပေါ့။ သူတို့ရဲ့စာရွက်စာတမ်း​​တွေ အားလုံးကို ထိုင်းလဝကက​နေ  Cancel တုံး ထုလိုက်တယ်။ အမိနိုင်ငံမှာအ​ကြောင်းအမျိုးမျိုးနဲ့ အလုပ်အ ကိုင်​တွေ အခက်အခဲ​တွေ့လို့ ထိုင်းနိုင်ငံကို ပြန်ဝင်မယ်ဆိုရင် ပြည်ဝင်ခွင့်မရ​တော့ဘူး။ သူတို့မှာ ​ငွေကုန်​ကြေးကျ အများကြီးကုန်ကျ ခံထားရတဲ့ စာရွက်စာတမ်း အထောက်အထား ဆုံးရှုံးရတယ်။ အထောက်အထား၊ စာရွက်စာ တမ်းနဲ့ပတ်သက်ရင် မိန်းကလေး​တွေဆိုရင် ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ လက်​ကောက်စတဲ့ စုမိ​ဆောင်းမိတာ​တွေကို ​ပေါင်နှံရောင်းချပြီး လုပ်ကြရတယ်။ ယောကျ်ား​လေး​တွေက​တော့ ရှိတာကို ​ပေါင်နှံ​ရောင်းချပြီး ပြုလုပ်ခဲ့ကြတာ ပါပဲ။ စာရွက်စာတမ်းအ​ထောက်အထားတွေ ကို ပြည်ဝင်ခွင့်မရ​အောင် Cancel တုံးထုလိုက် တာက​တော့ အရမ်းနှ​မြောဖို့​ကောင်းပါတယ်” လို့ ဆိုပါတယ်။

​နေရပ်ပြန်လာသူတွေဟာ ထိုင်းနိုင်ငံ ကိုဗစ်တတိယလှိုင်းဂယက်​ကြောင့် စက်ရုံ အလုပ်ရုံပိတ်ထားတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ကာ ပြန်လာသူ​တွေရှိသလို မိဘ ဆွေမျိုး နာမကျန်းဖြစ်လို့ပြန်လာသူ​တွေလည်း ပါဝင် လာတာ​တွေ့ရပါတယ်။

​စက်ရုံလည်းပိတ်၊ ရွာမှာရှိ​နေတဲ့မိခင်က လည်း​နေမ​ကောင်းလို့ နေရပ်ပြန်လာသူ အမျိုးသမီးတစ်​ယောက်က “ရွာမှာ​ကျန်​နေ တဲ့ အ​မေ​နေမ​ကောင်းလို့ ပြုစုမယ်ဆိုပြီးပြန် လာတာပါ။ မဲ​ဆောက်မှာ တစ်လ​ကျော် လောက် ပိတ်မိ​နေ​တော့ အ​မေလည်းဆုံးသွားပါပြီ”လို့ မျက်ရည်ဝဲရင်း​ ပြောရှာတယ်။

​နေရပ်ပြန်​တွေထဲက တချို့အမျိုးသမီး​တွေက ကိုဝန်​အရင့်​အမာနဲ့ လာကြတာဆို တော့ အိမ်ပြန်ဖို့​စောင့်ရင်း မဲ​ဆောက်ဘက်မှာ က​လေး​မွေးသွားသူ​တွေလည်းရှိတယ်လို့ ဆို တယ်။

မဲ​ဆောက် မြို့ဧရိယာထဲမှာ အလုပ်လုပ်​နေသူတစ်ဦးက “မိဘ၊ ​မောင်နှမ​တွေကို လွမ်း ပြီး ​နေရပ်ပြန်ချင်​ပေမဲ့ ယခင်လို ပြန်ခွင့်မရှိဘဲ ရာဇဝတ်သားအဖြစ် ​ငွေ​ပေးဖမ်းပြီးမှ ပြန်ကြ ရမယ်။ လုပ်ငန်းခွင်ကိုပြန်ဝင်လို့မရ​အောင် ထိုင်းလဝကက Cancel တုံးထုမှာ ဆို​တော့ မပြန်ရဲကြဘူး။ အိမ်လွမ်းစိတ်ကိုမျိုချထားရ ပါတယ်”လို့ ဆိုပါတယ်။

နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား​တွေ ထိုင်းကိုပြန်သွားလို့မရ​အောင်  ထိုင်း လဝက က စာရွက်စာတမ်း Passport တွေကို  Cancelတုံးထုပြီး ပယ်ဖျက်လိုက်တဲ့ အခါကျတော့ ပြည်ဝင်ခွင့်မရတော့ဘူး။စာ ရွက်စာတမ်းတွေကလုပ်တဲ့အခါ ရွှေ​၊ ငွေလက် ဝတ်ရတနာ​တွေကို ​ပေါင်နှံရောင်းချပြီလုပ်ရ တဲ့အတွက် ​နေရပ်ပြန်လုပ်သားအများစုက  နှမြောတသ စိတ်မ​ကောင်းဖြစ် နေရပါတယ်။

မြန်မာပြည်သားများအ​ရေး ပူးတွဲလှုပ် ရှားမှု​ကော်မတီ(JACBA ) ဥက္ကဋ္ဌ ဦးမိုးကြိုးက “Camcel တုံးကိုဘာလိုထုလဲဆို​တော့ ​ငွေ​ပေးပြီး အဖမ်းခံကာ လာရတဲ့အတွက် ထိုင်းလဝက ဥပဒေမှာ ရာဇဝတ်သားအဖြစ် သတ်မှတ်ပြီး  Cancel တုံး ထုလိုက်တာပါပဲ”လို့ဆိုပါတယ်။

ထိုင်းအစိုးရအ​နေနဲ့ မြန်မာရွှေ့ပြောင်း လုပ်သား​တွေ အ​ထောက်အထား စာရွက်စာ တမ်း အသစ်လုပ်ချိန်ဖြစ်​စေ၊ သက်တမ်းတိုးတဲ့ အချိန်ဖြစ်​စေ လူမှုဖူလုံ​ရေး အာမခံ​ကြေးအချို့ ယူထားတယ်ဆို​ပေမဲ့ ကိုဗစ်ဒုတိယလှိုင်းနဲ့ တတိယလှိုင်း ကာလ​တွေမှာ ထိုင်းအစိုးရဟာ မြန်မာလုပ်သား​တွေ​အ​ပေါ် စောင့်​ရှောက်မှုမ​ ရှိပါဘူး။ ကိုဗစ်ဖြစ်လို့က​တော့​ သေရင်​သေ၊ ​သေရင်အ​လောင်းကို စည်ပင်က ယူသွားတယ်။ မိသားစု လိုက်ပို့ခွင့်မ​ရ​တော့ဘူး”လို့လည်း ဦးမိုးကြိုးက ဆိုပါတယ်။

 “Corona Virus  စစ်​ဆေးလို့ Positive ဖြစ်လို့က​တော့ စက်ရုံက​နေ  Quarantine Centre  မှာ ၁၄ ရက် ​ရွှေ့ပြောင်း​နေရတယ်။ ​​ဆေး ရုံ​ဆေးခန်း​တွေမှာ ဆေးကုသ​ပေးတာမရှိဘူး။ ၁၄ ရက်အတွင်း မ​သေလို့ အ​ဆောင်ပြန်ရရင် လည်း အလုပ်မဆင်းရ​တော့ဘူး။ ဒီအ​တောအ တွင်း ​နေထိုင်စား​သောက်​ရေးကိုလည်း အစိုးရ က တာဝန်ယူ​ဖြေရှင်း​ပေးတာ မရှိပါဘူး”လို့ မဟာချိုင်ရှိစက်ရုံတစ်ခုမှာ အလုပ် လုပ်​နေပြီး ကိုဗစ်​ပိုး​တွေ့ရှိတဲ့အတွက် အလုပ်နား​​နေရတဲ့ အမျိုးသမီးငယ်တစ်ဦးက​ပြောပါတယ်။

ထိုင်းမှာ COVID-19 ပိုး​တွေ့ရှိမှု၊ ​သေ ဆုံးမှုလည်း များ​နေဆဲဖြစ်ပါတယ်။ မြန်မာ လုပ်သားတစ်ဦး ပိုး တွေ့ပြီဆိုရင် ၁၄ ရက်ခွဲ ထားလိုက်ပါတယ်။ စား​ရေး သောက်​ရေးကူညီ​စောင့်​ရှောက်မှုမရှိဘူး။​ ရွှေ့ပြောင်းလုပ်သား​တွေအချင်းချင်း ကူညီ​နေကြရတယ်လို့  အလုပ်သမားအ​ရေးကူညီ​ဆောင်ရွက် ​နေသူ​တွေက ​ဆိုပါတယ်။

အိမ်ပြန်ခရီး အခက်အခဲမည်မျှပင်ရှိ​စေ ကာမူ မဲ​ဆောက်-မြဝတီလမ်းမှ မိခင်မြန်မာ နိုင်ငံသို့ ပြန်ဝင်လာသူ​တွေဟာ တစ်ရက်ခြား ၍ ဦးရေ ၂၀၀ ဝန်းကျင် ​ဝင်​ရောက်လာ​နေဆဲ ဖြစ်ပါတယ်။

မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားကတစ်ဆင့် စတင်လက်ခံခဲ့တဲ့  သြ  ဂုတ် ၁ ရက်မှာ  ​နေရပ်ပြန်လာသူ ဦးရေ ၂၀၀ နဲ့ သြဂုတ် ၃ ရက်မှာ အမျိုးသား၊ အမျိုးသမီး  ၂၀၆ ဦး၊ သြဂုတ် ၅ ရက်​မှာ ၂၀၄ ဦး၊ ၇ ရက်​မှာ ၂၀၂ ဦး၊ သြဂုတ် ၉ ရက်မှာ ၂၀၃ ဦး၊ သြ ဂုတ် ၁၁ရက်မှာ  ၁၉၉ဦး၊ သြဂုတ် ၁၃ ရက်မှာ ၂၀၄ ဦး  ပြန်လည်ဝင်​ရောက်လာခဲ့​ပြီဖြစ်တဲ့ အတွက် COVID-19 တတိယလှိုင်း ​လော့ ဒေါင်းကာလတွင် အမိ​မြေသို့ ပြန်လည်ဝင်​ရောက်လာသုစုစု​ပေါင်း ၁၄၁၈ ဦးရှိပြီ ဖြစ်ပါ တယ်။

ယခုကဲ့သို့ ကိုဗစ်ကာလမှာမိခင်နိုင်ငံ သို့ဝင်​​ရောက်ခဲ့သူတွေဟာ ရာဇဝတ်မှု တစ်စုံ တစ်ရာကျူးလွန်ခြင်းမရှိဘဲ ရာဇဝတ်သား အဖြစ်သတ်မှတ်ကာ ထိုင်းသို့  ပြည်ဝင်ခွင့်ကို ပယ်ဖျက်တဲ့ Cancel  တံဆိပ်တုံး ထုလိုက်တဲ့ အတွက်  ကိုဗစ်ကာလ ​နေရပ်ပြန်လာသူတိုင်း ရာဇဝတ်သားဖြစ်နေပြီလား ဆိုတာကိုတော့ ​ရွှေ့ပြောင်းလုပ်သား​တွေရဲ့ရင်တွင်းမှာ အမေး ပုစ္ဆာတစ်ခု ဖြစ်လို့​နေပါ​တော့တယ်။