ပရီးမီးယားလိဂ်၏ အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်က မိမိတို့၏ ပြိုင်ပွဲသည် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်အဖြစ် ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
နောက်ဆုံး(၂)ရာသီ၌ ချန်ပီယံအသင်းနှင့် အဆင့်(၅) နေရာမှအသင်းကြား အမှတ်ကွာဟချက်များပြားခဲ့သော်လည်း ယင်းအချက်မှာ ပြဿနာမဟုတ်ဟုလည်း ၎င်းက ဆိုခဲ့သည်။
"ပရီးမီးယားလိဂ်က ဥရောပမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပါ။ ဒီအခြေအနေအတိုင်းဆက်ရှိဖို့ ကျွန်တော်တို့ လို လားသလို၊ ဆက်ရှိနေတယ်လို့လည်း ယုံကြည်ပါတယ်"ဟု ရစ်ချတ်မာစတာစ်က ပြောကြားခဲ့သည်။
၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယနေ့တွင် စတင်မည်ဖြစ်ပြီး အဖွင့်ပွဲအဖြစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက်၊ နံနက် ၁:၃၀ နာရီတွင်) တန်းတက် ဘရန့်ဖို့ဒ်အသင်းနှင့် အာဆင်နယ်အသင်းတို့ ဘရန့်ဖို့ဒ်အသင်း၏ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။















