မက်ဆီကို ခေါ်ယူခဲ့သော်လည်း FFP စည်းမျဉ်း ချိုးဖောက်ခြင်းမရှိဟု PSG ဥက္ကဋ္ဌ ဆို

မက်ဆီကို ခေါ်ယူခဲ့သော်လည်း FFP စည်းမျဉ်း ချိုးဖောက်ခြင်းမရှိဟု PSG ဥက္ကဋ္ဌ ဆို
Photo: PSG Twitter
Photo: PSG Twitter
Published 12 August 2021

PSG ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက မက်ဆီကိုခေါ်ယူခဲ့သော်လည်း မိမိတို့အနေဖြင့် UEFA ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းကို ချိုးဖောက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

PSG အသင်းသည် မက်ဆီကို တစ်နှစ်လစာ (အခွန်ဆောင်ပြီး) ပေါင် (၂၅)သန်း ပေးချေမည်ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် လစာပေးချေမှုအများဆုံးအားကစားအသင်းဖြစ်လာခဲ့သည်။

သို့သော် အယ်လ်ခီလိုင်ဖီက ''FFP စည်းမျဉ်းကို အစကတည်းက ဒီနေ့အထိ ကျွန်တော်တို့ လိုက်နာခဲ့ပါတယ်။ မက်ဆီကိုလည်း ဘဏ္ဍာရေးအခြေအနေတွေကို သေချာလေ့လာပြီးမှ ခေါ်ခဲ့တာပါ။ မက်ဆီ ရောက်ရှိ်လာခြင်းက အသင်းရဲ့ဘဏ္ဍာရေးကို များစွာတိုးတက်စေမှာပါ''ဟု ဆိုခဲ့သည်။

မက်ဆီကို ခေါ်ယူပြီးနောက် PSG အသင်း၏ လူမှုကွန်ရက်စာမျက်နှာများမှာ Follower သိသိသာသာတိုးလာခဲ့သလို၊ မက်ဆီ၏အမည်ပါ PSG အသင်း၏ဂျာစီမှာလည်း စတင်ရောင်းချသည့်နေ့ပင် ပရိသတ်များစွာတန်းစီဝယ်ယူခဲ့ကြကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

Most Read

Most Recent