အာဆင်နယ်နှင့် အေဘရာဟမ် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိချိန်တွင် သူ၏ကလပ်ချယ်လ်ဆီးက ရိုးမားနှင့်ပြောင်းရွှေ့ကြေးသဘောတူညီမှုရ

အာဆင်နယ်နှင့် အေဘရာဟမ် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိချိန်တွင် သူ၏ကလပ်ချယ်လ်ဆီးက ရိုးမားနှင့်ပြောင်းရွှေ့ကြေးသဘောတူညီမှုရ
Photo: Chelsea Twitter
Photo: Chelsea Twitter
Published 12 August 2021

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်မှာ ယခုနွေရာသီတွင် အသင်းမှထွက်ရန် သေချာသလောက်ရှိနေသော်လည်း မည်သည့်အသင်းသို့ ပြောင်းရွှေ့မည်ဆိုသည်မှာ ဝေခွဲမရဖြစ်နေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

အေဘရာဟမ်သည် လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီး သူ၏ အေးဂျင့်များက အာဆင်နယ်အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့သည်။

ယင်းအချိန်တွင် သူ၏ကလပ် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ၎င်းကိုရောင်းချရန်အတွက် အီတလီကလပ် ရိုးမားအသင်းနှင့်ဆွေးနွေးခဲ့ပြီး ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရသည်။

အီတလီမီဒီယာများ၏ဖော်ပြချက်အရ ရိုးမားအသင်းသည် အေဘရာဟမ်အား ယူရို (၅)သန်းတန်ကြေးရှိသည့် (၂)ရာသီသက်တမ်းရှိအငှားစာချုပ်ဖြင့် အရင်ဆုံးခေါ်ယူမည်ဖြစ်ပြီး ယင်းစာချုပ်စေ့ချိန်တွင် ယူရို (၃၅)သန်းဖြင့် အပြီးခေါ်ယူရန် ချယ်လ်ဆီး အသင်းတာဝန်ရှိသူများနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

သို့ ဖြစ်ရာ အေဘရာဟမ်အနေဖြင့် မည်သည့်အသင်းသို့ရောက်မည်ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်နေပြီး စောင့်ကြည့်ရမည်ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ 

Most Read

Most Recent