ပိုလန်နတ်သမီးလို့ ကျော်ကြားခဲ့ဖူးသူ အာမန်ဟာဖောက်စ် က အီတလီကလပ်အသင်းတစ်သင်းကို ကယ်တင်ခဲ့ဖူးတာပါ။ အဲဒီအီတလီကလပ်အသင်းက ဗီစင်ဇာအသင်းပါပဲ။ ၂၀၁၈ ခုနှစ်အတွင်းမှာ ဗီစင်ဇာအသင်းဟာ ကစားသမားတွေအတွက် လစာငွေမပေးနိုင်ပြီးနောက် ဒေဝါလီခံရမလိုဖြစ်နေပြီး စီးရီးစီကို တန်းဆင်းရပါတော့မယ်။ အဲဒီအချိန်မှာ အာမန်ဟာဖောက်စ် က Porn ဇာတ်ကားရိုက်လို့ရတဲ့ငွေနဲ့ အဖော်အချွတ်ဓာတ်ပုံ ရိုက်ရငွေတွေထဲက (၁၀)ရာခိုင်နှုန်းကိုပေးပြီး ဗီစင်ဇာအသင်း ကို ကယ်တင်ခဲ့တယ်။ အာမန်ဟာဖောက်စ်က "ဗီစင်ဇာမြို့ဆီ ကျွန်မ မကြာခဏရောက်ဖူးတယ်။ အီတလီရဲ့ အလှပဆုံးမြို့တစ်မြို့ပါပဲ။ တစ်ရက်မှာ ကျွန်မရဲ့ပရိသတ်တချို့ က ဗီစင်ဇာမြို့ခံ ကလပ်အသင်းရဲ့ ဒုက္ခအကြောင်း ပြောပြတယ်။ ဒီအကြောင်းကြားရချိန်မှာ ကျွန်မ စိတ်မကောင်းဖြစ်မိပြီး ကူညီပေးပါရစေလို့ ကမ်းလှမ်းခဲ့တာပါ"လို့ ပြောခဲ့ဖူးတယ်။ အာမန်ဟာဖောက်စ်ရဲ့ အကူအညီကို လက်ခံခဲ့သလား၊ ငြင်းပယ်ခဲ့သလားဆို တာ ဗီစင်ဇာအသင်းဘက်က တရားဝင်မထုတ်ပြန်ခဲ့ပါဘူး။
တစ်ချိန်တုန်းကလိုမဟုတ် (LIFE)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
14 hours ago
14 hours ago
14 hours ago