PSG အသင်းဟာ အီတလီအသင်းရဲ့ ယူရို-၂၀၂၀ ချန်ပီယံအသင်းသား ဒွန်နာရမ်မာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက် (၂၂)နှစ်သာရှိသေးတဲ့ ဒွန်နာရမ်မာဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ပထမဆုံးရရှိတဲ့ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး PSG အသင်းအတွက်လည်း ဒီရာသီမှာ ဝိုင်နယ်လ်ဒမ်း၊ ဟာကီမီ၊ ရာမို့စ်တို့နောက် (၄)ဦးမြောက် ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ PSG TV နဲ့ တွေ့ဆုံရာမှာ ဒွန်နာရမ်မာက အသင်းသစ်နဲ့ မျှော်မှန်းထားသမျှကို ဖွင့်ဟခဲ့ပြီး အဲဒီ အင်တာဗျူးကို ဖော်ပြလိုက်ပါတယ်။















