ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူရမည့် ဂျူဗင်တပ်စ်ကွင်းလယ်လူ အာသာ (၂)လခန့် နားရမည် 

ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူရမည့် ဂျူဗင်တပ်စ်ကွင်းလယ်လူ အာသာ (၂)လခန့် နားရမည် 
Photo: Getty Images
Photo: Getty Images
Published 16 July 2021

ဂျူဗင်တပ်စ်ကွင်းလယ်လူ အာသာသည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ပြီး (၂)လခန့် အနားယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ အာသာသည် ၂၀၂၀ ဒီဇင်ဘာက ရရှိခဲ့သည့် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

သို့သော် ထိုစဉ်က ဂျူဗင်တပ်စ်အသင်းအနေဖြင့် အရေးကြီးသည့်ပွဲစဉ်များ ဆက်တိုက်ကစားနေရခြင်းကြောင်း အာသာသည် ဒူးဒဏ်ရာအား ခွဲစိတ်ကုသမည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ 

ယခုအခါ အဆိုပါဒဏ်ရာမှာ ပိုမိုဆိုးရွားလာခြင်းကြောင့် အာသာအနေဖြင့် ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ကောင်းမွန်ရန် (၂)လခန့် အနားယူရမည်ဖြစ်သည်။ 

ထို့ကြောင့် အာသာသည် ဂျူဗင်တပ်စ်အသင်း၏ ၂၀၂၁-၂၂ ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်တော့မည်ဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်များ စတင်ချိန်တွင်မှ ပြန်လည်ကစားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent