ကွင်းလယ်ဒိုင်က ရပ်ရှ်ဖို့ဒ် ပယ်နယ်တီကန်ဖို့ ခရာမှုတ်လိုက်တဲ့အချိန်ကစပြီး ရပ်ရှ်ဖို့ဒ်က သူ့ရဲ့လှုပ်ရှားမှုကို စတင်တယ်။ ခရာမှုတ်တဲ့အချိန်ကနေ ကန်လိုက်တဲ့အချိန်အထိဆိုရင် (၁၁) စက္ကန့် ကြာပြီး ဒီ (၁၁)စက္ကန့်က အရာရာကိုပြောင်းလဲသွားစေခဲ့တဲ့ (၁၁)စက္ကန့်လည်းဖြစ်တယ်။ ဒွန်နာရမ်မာ တစ်ချက်မှမလှုပ်ဘဲ စောင့်နေခဲ့တဲ့ (၁၁) စက္ကန့်လည်းဖြစ်တယ်။ ဒွန်နာရမ်မာက ကျောက်ရုပ်တစ်ရုပ်လိုပဲ နောက်ဆုံးအချိန်အထိ ငြိမ်ပြီး စောင့်နေခဲ့တယ်။ ဝင်ဘလေကွင်းကြီးတစ်ခုလုံး ပရိသတ်တွေရဲ့အသံဗလံတွေ တိိတ်ဆိတ်ပြီး ရင်ခုန်စွာ စောင့်ကြည့်နေတယ်။
ကျောက်ဆစ်ရုပ်ဟန်ချက်နဲ့ စိတ်ရှည်မှု ပေါင်းစပ်ထားတဲ့ ဒွန်နာရမ်မာရဲ့ အောင်ပွဲ
Photos: AFP & Getty Images