မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့နှင့် ယခုရက်သတ္တပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် ဂရီးဇ်မန်း၏အေးဂျင့်ဖြစ်သူ စီစဉ်နေ

မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့နှင့် ယခုရက်သတ္တပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် ဂရီးဇ်မန်း၏အေးဂျင့်ဖြစ်သူ စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 14 July 2021

 

ဘာစီလိုနာအသင်း၏ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရီးဇ်မန်း၏ အေးဂျင့်ဖြစ်သူသည် ယခုရက်သတ္တပတ်အတွင်း ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီး၊ ချယ်လ်ဆီး အသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဂရီးဇ်မန်း၏  အပြောင်းအရွှေ့အတွက် ဆွေးနွေးရန် စီစဉ်နေကြောင်း သိရသည်။ 

Manchester Evening News သတင်းစာ၏ ဖော်ပြ ချက်အရ ဘာစီလိုနာအသင်းသည် ၎င်းတို့၏ ကြွေးမြီပြဿ နာအား ဖြေရှင်းရန်နှင့် အသင်းခေါင်းဆောင် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုပြီး ထိန်းသိမ်းနိုင်ရန်အတွက် အသင်းရှိ ကစား သမားအချို့ကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ 

ယင်းကစားသမားများထဲတွင် ဂရီးဇ်မန်းလည်း ပါဝင်နေသည် ဟု သတင်းများထွက်ပေါ်နေပြီး ယခုအခါ ဂရီးဇ်မန်း၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသော သူ၏အစ်မဖြစ်သူ မာအူးဒ်သည် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များနှင့် အပြောင်းအ ရွှေ့အတွက် ဆွေးနွေးရန် စီစဉ်နေခြင်း ဖြစ်သည်။ ဂရီးဇ်မန်း၏ အစ်မအရင်းဖြစ်သူ မာအူးဒ်သည် ကစားသမားအပြောင်းအရွှေ့စျေးကွက်နှင့် ဘောလုံးစီးပွားရေးကဏ္ဍများကိုလေ့လာခဲ့ပြီး သူ၏ မောင်ဖြစ်သူ၏ ဘောလုံးကိစ္စရပ်များကို ကိုင်တွယ်နေခြင်းဖြစ်သည်။ 

မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်းသို့ ပြောင်း ရွှေ့သွားသော ၀ါရင့်တိုက်စစ်မှူး အဂွဲရိုး၏နေရာကို ပြန်အစားထိုးရန်အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ပြန်လည် ခေါ်ယူရန် စီစဉ်နေသည်။ လက်ရှိတွင် မန်စီးတီးအသင်းသည် စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် ပိုမိုဆန္ဒရှိနေသော်လည်း ဟာရီကိန်းကို မခေါ် ယူနိုင်ခဲ့ပါက ဂရီးဇ်မန်းကို ခေါ်ယူဖွယ်ရှိနေကြောင်း Manchester Evening News  သတင်းစာက ဖော်ပြခဲ့သည်။  

၂၀၀၉မှ၂၀၁၄ ခုနှစ်အထိ ဆိုစီဒက်၊ ၂၀၁၄ မှ ၂၀၁၉ ခုနှစ် အထိ အက်သလက်တီကိုမက်ဒရစ်အသင်းတွင် ကစားခဲ့သူ ဂရီးဇ်မန်းသည် သူ၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်ခုလုံး စပိန်ကလပ်အသင်းများတွင်သာ ကျင်လည်ခဲ့သူ ဖြစ်ပြီး ယခုအခါ သူ၏ အစ်မဖြစ်သူက စပိန်မြေကို စွန့်ခွာကာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းသင်းတွင် ကစားခွင့် ရရှိစေရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။  

Most Read

Most Recent