ဘာစီလိုနာလူငယ်တိုက်စစ်မှူး အန်ဆူဖာတီသည် ဒူးဒဏ်ရာမှပြန်လည်သက်သာရန် အချိန်ယူရဦးမည်ဖြစ်သောကြောင့် လာမည့် ၂၀၂၁-၂၂ လာလီဂါ ရာသီအစပွဲစဉ်အချို့ကို လွဲချော်မည်ဖြစ်ကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။
အသက် (၁၈)နှစ်အရွယ်ရှိ စပိန်လူငယ်တိုက်စစ်မှူး အန်ဆူဖာတီသည် ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ပြိုင်ပွဲစုံ (၁၀)ပွဲသာ ကစားခဲ့ရသည်။
၎င်းသည် ၂၀၂၀ နိုဝင်ဘာ (၇) ရက်စကာ ဒူးဒဏ်ရာကို (၄)ကြိမ်အထိ ခွဲစိတ်ကုသမှုခံရယူခဲ့ရပြီး သြဂုတ်လတွင် ကစားနိုင်ရန်မ သေချာသေးကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ၂၀၂၁-၂၂ ရာသီ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် (၁၅)ရက်တွင် ဆိုစီဒက်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် ဒဏ်ရာမှ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေရသည့် အန်ဆူဖာတီအနေဖြင့် အဆိုပါပွဲစဉ်အပါအဝင် ဘာစီလိုနာအသင်း၏ ရာသီအစပွဲစဉ်အချို့ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။















