■ ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်း သမ္မတနန်းတော်၌ ဂုဏ်ပြုခံခဲ့ရပြီး ရောမမြို့အတွင်း လှည့်လည်အောင်ပွဲခံမှုလည်း ပြုလုပ်ခဲ့

■ ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်း သမ္မတနန်းတော်၌ ဂုဏ်ပြုခံခဲ့ရပြီး ရောမမြို့အတွင်း လှည့်လည်အောင်ပွဲခံမှုလည်း ပြုလုပ်ခဲ့
Photos : Italy Team Twitter
Photos : Italy Team Twitter
Published 13 July 2021

ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းသည် တနင်္လာနေ့က သမ္မတနန်းတော်တွင် ဂုဏ်ပြုခံခဲ့ရကြောင်း သိရသည်။

အီတလီသမ္မတ ဆာဂျီယိုမက်တာရယ်လာသည် ယူရိုချန်ပီယံ အီတလီအသင်းနှင့် ဝင်ဘယ်လ်ဒန်အိုးပင်းပြိုင်ပွဲ၌ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် ဘယ်ရက်တီနီတို့ကို သမ္မ နန်းတော်သို့ ဖိတ်ခေါ်ကာ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

အီတလီသမ္မတ မက်တာရယ်လာက အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာကို ဦးတည်ပြီး ''ဂုဏ်ယူပါတယ် ဂရာဗီနာ၊ မနေ့ကပွဲကို တိုက်ရိုက်ကြည့်ခဲ့ပါတယ်။ အင်္ဂလိပ်ပရိသတ်တွေ ပြည့်နေတဲ့ကွင်းထဲမှာ ဦးဆောင်ဂိုးအစောကြီးပေးခဲ့ရပေမဲ့ နိုင်ပွဲယူနိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ အနာဂတ်မှာ အောင်မြင်မှုတွေ ထပ်ပြီးရယူနိုင်ပါစေ''ဟု ပြောကြားခဲ့သည်။  

အီတလီအသင်းသည် သမ္မတနန်းတော်တွင် ဂုဏ်ပြုခံခဲ့ပြီးနောက် အီတလီဝန်ကြီးချုပ်နှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး ကစားသမားများ၏ လက်မှတ်ရေးထိုးထားသော အီတလီလက်ရွေးစင်အသင်းအကျႌကို လက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် နှစ်ထပ်ဘတ်စ်ကားနှင့် ရောမမြို့အတွင်း လှည့်လည်အောင်ပွဲခံမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လှည့်လည်အောင်ပွဲခံရာတွင်လည်း တင်းနစ်သမား ဘယ်ရက်တီနီက အီတလီကစားသမားများနှင့်အတူ လိုက်ပါခဲ့သည်။

အီတလီအသင်း၏ အောင်ပွဲခံအခမ်းအနားကို ပရိသတ်များစွာ ပူးပေါင်းဆင်နွှဲခဲ့ကြပြီး ပရိသတ်အချို့မှာ တနင်္ဂနွေညကတည်းကမအိပ်ဘဲ အောင်ပွဲခံနေခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent