မိခင်နို့တိုက်ကျွေးနေသည့် အမျိုးသမီးကစားသမားများအား အိုလံပစ်ပြိုင်ပွဲသို့ ရင်သွေးခေါ်ဆောင်ခွင့်ပြုမည်

မိခင်နို့တိုက်ကျွေးနေသည့် အမျိုးသမီးကစားသမားများအား အိုလံပစ်ပြိုင်ပွဲသို့ ရင်သွေးခေါ်ဆောင်ခွင့်ပြုမည်
Photo: Getty Images
Photo: Getty Images
Published 4 July 2021

 

တိုကျိုအိုလံပစ်ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသမီးအားကစားသမားများအနက် မိခင်နို့တိုက်ကျွေးနေသူများအား ရင်သွေးခေါ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။

မူလက COVID-19 ရောဂါဆိုင်ရာ တင်းကျပ်သည့် စည်းမျဉ်းအရ တိုကျိုအိုလံပစ် ပြိုင်ပွဲသို့ အားကစားသမားများ၏ မိသားစုဝင်များ လိုက်ပါခွင့် တားမြစ်ထားသလို ပြည်ပမှ ပရိသတ်လာရောက်ကြည့်ရှုခွင့်လည်း ပိတ်ပင်ထားသည်။ သို့သော် ပြိုင်ပွဲကျင်းပရန် သုံးပတ်မျှသာ လိုတော့ချိန်တွင် ရင်သွေးမွေးဖွား ထားသည့် အားကစားသမားများအတွက် စည်းမျဉ်းအပြောင်းအလဲပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ 

"ကလေးက အနီးကပ်စောင့်ရှောက်ပေးဖို့လိုအပ်တဲ့ အသက်အရွယ်ဖြစ်ရပါမယ်။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ အားကစားသမားတွေ ကလေးငယ်နဲ့အတူ ဂျပန်ကိုလာရောက်နိုင်ဖို့ NOCs (အမျိုးသား အိုလံပစ်ကော်မတီ) တွေက အတည်ပြုပေးရမယ့် တာဝန်ရှိပါတယ်" ဟု ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သို့ဖြစ်ရာ သုံးလအရွယ် သမီးငယ်မွေး ဖွားထားသည့် ကနေဒါအမျိုးသမီးဘတ်စကက် ဘောသမား ကင်ဂေါ်ချာအပါအဝင် မိခင်များအနေဖြင့် ကလေးကိုပါ တစ်ပါတည်းခေါ်ဆောင်လာရန် အခွင့်အရေးရမည်ဖြစ်သည်။ နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလျံမှာလည်း သမီးဖြစ်သူနှင့် တစ်လခန့်ခွဲရမည့်အခြေအနေကြောင့် နုတ်ထွက်ခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြလျက်ရှိသည်။

Most Read

Most Recent