"FIFA 16 ကစားပြီးနောက် ကမ္ဘာပတ်ပြီး ပြိုင်ပွဲတွေ ကစားနိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို တွေးမိလာတယ်။ ပရိုတစ်ယောက်ဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။ ဖီယင်နုအသင်းအတွက် ကိုယ်စားပြုပြီး စကစားဖြစ်တယ်။ နယ်ပယ်တစ်ခုခုမှာ သိပ်ပြီးအာရုံဝင်စားနေပြီဆိုရင် တစ်ခုခု ပိုင်ဆိုင်ခွင့်ရမယ်ဆိုတာ ကျွန်တော် ယုံကြည်ခဲ့တယ်" လို့ တွမ်လက်ဆီက ပြန်ပြောတယ်။ တစ်ရက်မှာ သူငယ်ချင်းတစ်ဦးက တွမ်လက်ဆီရှိရာ ရောက်လာတယ်။ ပါရီမှာ မင်းရဲ့ခမ်းနားအိပ်မက်တွေ အသက်ဝင် မယ့်စိန်ခေါ်မှုတစ်ခုရှိနေတယ်ဆိုပြီး သတင်းပေးခဲ့တယ်။ ပါရီက EA Sports လက်ရည်စစ်ပွဲတွေမှာ တွမ်လက်ဆီဟာ သူ့ကိုယ်သူ အစမ်းသပ်ခံခဲ့ပါတယ်။ ကိုယ့်ထူးချွန်မှုကို၊ ကိုယ့်ပါရမီကို တမြေ့မြေ့ နိုးကြားလာအောင် လှုံ့ဆော်နိုင်ခဲ့တယ်။ ပါရီသွားမယ့်အစီအစဉ်ကို တွမ်လက်ဆီရဲ့ အမေက အ လွယ်တကူခွင့်မပြုခဲ့ဘူး။ အဲဒီအချိန်တုန်းက တွမ်လက်ဆီဟာ ပညာရေးဘက်မှာလည်း မျှော်လင့်ချက်တွေ လင်းပွင့်နေချိန်၊ သူ့အမေက ပညာရပ်တစ်ခုခုနဲ့ ဒီဂရီရပြီးမှ ဂိမ်းလောကထဲ တိုးဝင်စေချင်နေတာပါပဲ။
esports ကြယ်ပွင့်ရဲ့ အင်္ဂလန်ကိုယ်စားပြု မျှော်လင့်စိတ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















