ဘယ်လ်ဂျီယံနဲ့ အီတလီတို့ကတော့ ပြိုင်ပွဲ မစခင်ကတည်းက ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေအဖြစ် သတ်မှတ်ခံခဲ့ရပြီး အခုတော့ ပိုပြီးမျှော်လင့်ချင်စရာဖြစ်လာခဲ့ပါတယ်။ ဒီလိုထင် ကြေးပေးသတ်မှတ်မှုတွေက ရာနှုန်းပြည့် မမှန်ကန်နိုင်ဘူးဆိုပေမဲ့ ဗိုလ်စွဲနိုင်ခြေနည်းပါးတယ်လို့ သတ်မှတ်ခံရတဲ့ စပိန်အသင်း လက်တွေ့ရုန်းကန်ခဲ့ရတာကြောင့် မှန်တာတွေလည်းရှိတယ်လို့ ဆိုရ မှာပါပဲ။ ဘယ်လ်ဂျီယံအသင်းက နေရာစုံမှာ ကစားသမားကောင်းများစွာ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အဆင့်(၁)အသင်းဖြစ်တာကြောင့် အောင်ပွဲတစ်ခု ခုရရှိသင့်ပြီလို့ သတ်မှတ်ထားတဲ့အသင်းဖြစ်ပြီး သူတို့က အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲကိုလည်း သိပ်အခက်အခဲမရှိဘဲ ရယူနိုင်ခဲ့ပါတယ်။ ဒိန်းမတ်နဲ့ပွဲမှာ နောက်ကလိုက်ကစားခဲ့ရပေမဲ့ လိုအပ်တဲ့ နိုင်ပွဲကိုတော့ ရယူနိုင်ခဲ့တာပါပဲ။ အီတလီအသင်းကတော့ ရာနှုန်းပြည့်နိုင်ပွဲကို လွယ်လွယ်ကူကူရ ယူခဲ့တဲ့အပြင် ပေးဂိုးမရှိအောင်ပါ စွမ်းဆောင်နိုင်ခဲ့တာပါ။ ပြိုင်ဘက်တွေရဲ့အားနည်းမှုကြောင့်လို့ ထောက်ပြနိုင်ခြင်းမရှိအောင် စွမ်းဆောင်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။
■ ပွဲတိုင်းနိုင်တဲ့ ချန်ပီယံရှိလာနိုင်လား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















