ပရီးမီးယားလိဂ်မှ ဝက်စ်ဟမ်း၊ ဘန်လေ၊ ဘရိုက်တန်နှင့် နောဝစ်ချ်အသင်းတို့သည် ဒိန်းမတ်တိုက်စစ်မှူး ဘရေ့ဝိတ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ဘရေ့ဝိတ်သည် ယခုနွေရာသီတွင် ဘာစီလိုနာအသင်းမှ ထွက်ခွာရရန် နီးစပ်နေသောကြောင့် ပရီးမီးယားလိဂ်အသင်းများက ခေါ်ယူရန် စောင့်ကြည့်နေကြခြင်းဖြစ်ပြီး ၎င်းကလည်း ပုံမှန်ပွဲထွက်ခွင့်ရမည့်အသင်းထံ ပြောင်းရွှေ့ရန် လိုလားနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ရာသီကြိုပြင်ဆင်မှု မပြုလုပ်မီ ဘရေ့ဝိတ်ကို ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း စပိန်မီဒီယာအချို့က သုံးသပ်ထားသည်။















