ဂိုးသွင်းစံချိန် လိုက်မီခဲ့သည့် စီရော်နယ်လ်ဒိုကို အလီဒါယီ ဂုဏ်ပြုစကားဆို

ဂိုးသွင်းစံချိန် လိုက်မီခဲ့သည့် စီရော်နယ်လ်ဒိုကို အလီဒါယီ ဂုဏ်ပြုစကားဆို
Photo: Getty Images
Photo: Getty Images
Published 26 June 2021

 

အီရန်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီက ၎င်း၏ ဂိုးသွင်းစံချိန်အား လိုက်မီခဲ့သည့် ပေါ်တူဂီတိုက်စစ်မှူး စီ ရော်နယ်လ်ဒိုကို Instagram မှတစ်ဆင့် ဂုဏ်ပြုစကားဆိုခဲ့ကြောင်း သိရသည်။ 

အလီဒါယီက "လက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံးစံချိန်ရှင်ဖြစ်လာဖို့ တစ်ဂိုးသာ လိုတော့တဲ့အတွက် ဂုဏ်ယူပါတယ် စီရော်နယ်လ်ဒို။ ဒီလို ကစားသမားနဲ့ အတူ နှိုင်းယှဉ်မှတ်တမ်းတင်ခံရတာဟာလည်း ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ" ဟု ရေးသားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် အလီဒါယီ၏ လက်ရွေးစင်သွင်းဂိုးအများဆုံး(၁၀၉)ဂိုးစံချိန်ကို ပြင်သစ်နှင့်ပွဲတွင် လိုက်မီခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent