အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးကွင်းတွင် အခြေစိုက်သတင်းယူနေသည့် Sky Sports သတင်းထောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။
ယင်းသတင်းထောက်သည် ကင်မရာသမားတစ်ဦးနှင့်အတူ အင်္ဂလန်အသင်း၏ စိန့်ဂျော့ချ်ပတ်ခ်လေ့ကျင့်ရေးကွင်းတွင် သတင်းယူနေသူဖြစ်ပြီး ကင်မရာသမားမှာမူ Negative အဖြေထွက်ခဲ့ ကြောင်း သိရသည်။
ထို့ကြောင့် အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာဖြစ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြပြီး ဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်များကို ဆက်လက်စောင့်ကြည့်ရဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။















