ဟင်္သာတမြို့တွင် ဆေးဝါးကျွမ်းကျင်နှင့် အကူသူနာပြု သင်တန်းကျောင်းတစ်ခုမှ သင်တန်းသူများအပါအဝင် စုစုပေါင်း ၂၃ ဦး၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ

ဟင်္သာတမြို့တွင် ဆေးဝါးကျွမ်းကျင်နှင့် အကူသူနာပြု သင်တန်းကျောင်းတစ်ခုမှ သင်တန်းသူများအပါအဝင် စုစုပေါင်း ၂၃ ဦး၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ
Published 19 June 2021

ဟင်္သာတမြို့တွင်  My Hope ဆေးဝါး ကျွမ်းကျင်နှင့် အကူသူနာပြုသင်တန်းကျောင်းမှ သင်တန်း သူများအပါအဝင် စုစုပေါင်း ၂၃ ဦး၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အနံ့ပျောက်ကြောင်း သတင်းပို့ချက် အရ ကျန်းမာရေးဌာနက ဇွန် ၁၉ ရက်တွင် စစ်ဆေးပေးခဲ့ရာမှ ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက အတည်ပြုပြောကြားသည်။

“စစ်တာအားလုံးပေါင်း ၃၁ယောက်၊ တွေ့တာက ၂၃ယောက်။ မြဝတီရပ်ကွက်ထဲ က သင်တန်းကျောင်းမှာက ၁၃ ယောက်ပိုး တွေ့တယ်။ စစ်တာက ၁၆ ယောက် စစ်တယ်။ ကနောင်စုရပ်ကွက်က ဆရာမအိမ်ကလူတွေ ကို စစ်တာလည်း ပိုးတွေ့တယ်။ မြဝတီရပ် ကွက်မှာက သင်တန်းပါ။ အဆောင်နေတဲ့ ကလေးတွေပေ့ါ” ဟု ဟင်္သာတခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညီညီ လွင်က ဖြေကြားသည်။

“ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့သူတွေ ကိုတော့ သူနာပြုသင်တန်းကျောင်းကို ပို့ ထားတယ်။ ပိုးမတွေ့တဲ့ သူတွေကိုတော့ Home Q  ထားမယ်။ ၁၀ ရက် စောင့်ကြည့် မယ်။ သူတို့ရဲ့ Contact တွေ များလာရင် တော့ ဘေးစီမံသင်တန်းကျောင်းကို ခေါ်စစ် ပါမယ်” ဟု ဒေါက်တာညီညီလွင် က ဆိုသည်။

အဆိုပါ သင်တန်း၌ အဆောင်နေ ကျောင်းသူများကိုသာ စစ်ဆေးပြီးခြင်းဖြစ်ပြီး အပြင်က လာရောက် သင်တန်းတက်သူများကို မစစ်ဆေးရသေးသဖြင့် ခေါ်ယူထားကြောင်း ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှူးထံမှ သိရသည်။

Most Read

Most Recent