လက်ရှိ အသုံးပြုနေသည့် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားများတွင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအစား ဖော်ပြချက်တို့ကို ထပ်တိုးထည့်သွင်းမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေဝန်ကြီးဌာန ကြေညာ

လက်ရှိ အသုံးပြုနေသည့် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားများတွင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအစား ဖော်ပြချက်တို့ကို ထပ်တိုးထည့်သွင်းမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေဝန်ကြီးဌာန ကြေညာ
Published 16 June 2021

လက်ရှိ အသုံးပြုနေသည့် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားများတွင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအစား ဖော်ပြချက်တို့ကိုပါ ထပ်တိုးထည့်သွင်း သွားရမည်ဟု ဇွန် ၁၆ ရက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားများကို ခေတ်ကာလာနှင့်လျော်ညီစွာ နိုင်ငံတကာတွင် အသုံးပြုနေသည့် မော်တော်ယာဉ် နံပါတ်ပြားများနည်းတူ လုံခြုံရေးပိုင်းဆိုင်ရာ အချက်အလက်များ ထည့်သွင်းရိုက်နှိပ်ကာ အသုံးပြုတပ်ဆင်ပေးလျက်ရှိကြောင်း၊ မော်တော်ယာဉ်တွင် တပ်ဆင်သည့် လက်ရှိ ဖောင်ကြွနံပါတ်ပြားကို တိုင်းဒေသကြီး ပြည်နယ် ဒေသ သင်္ကေတ ၊ ရောက်ရှိအက္ခရာနှင့် ဂဏန်းများသာပါရှိရာမှ ယခုအခါ တိုင်းဒေသကြီး ပြည်နယ်၊ ဒေသ၊ သင်္ကေတတို့အပြင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအစား ဖော်ပြချက်တို့ကိုပါ ထပ်တိုးထည့်သွင်း သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ထပ်တိုးထည့်သွင်းခြင်းဖြင့် မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင် ယာဉ်များ၌ တပ်ဆင် အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်ခြင်း၊ မော်တော်ယာဉ် တည်ရှိသည့် မြို့နယ်ကိုပါ ခွဲခြားသိရှိနိုင်ခြင်း၊ ယာဉ်နံပါတ်ပြားနှင့် မော်တော်ယာဉ် တိကျမှန်ကန်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မှာ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ အချက်အလက်များအပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ဒေသ၊ သင်္ကေတ၊ မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တို့ပါရှိသည့် အင်္ဂလိပ်အက္ခရာ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားများကို ပထမအဆင့်အနေဖြင့် ကနဦး မှတ်ပုံတင်ခြင်း၊ နယ်ဝင် အမည်ပြောင်းခြင်း ဆောင်ရွက်သည့် မော်တော်ယာဉ်များနှင့် ပိုင်ရှင်ဆန္ဒအရ ပြောင်းလဲ တပ်ဆင်လိုသည့် ယာဉ်များကို လာမည့် ဇူလိုင်လဆန်းမှ စတင်၍ ပြောင်းလဲ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဖောင်းကြွနံပါတ်ပြားအတွက် သတ်မှတ်စျေးနှုန်း ပြောင်းလဲမှု မရှိကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent