ဖီအိုရင်တီးနားအသင်းတွင် ဆက်ရှိနေလိုကြောင်း ရီဘာရီ ဖွင့်ဟ 

ဖီအိုရင်တီးနားအသင်းတွင် ဆက်ရှိနေလိုကြောင်း ရီဘာရီ ဖွင့်ဟ 
Photo: Getty Images
Photo: Getty Images
Published 5 June 2021

ဖီအိုရင်တီးနားဝါရင့်တောင်ပံကစားသမား ရီဘာရီက မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေလိုကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၈)နှစ်အရွယ်ရှိ ပြင်သစ်ဝါရင့်တောင်ပံကစားသမား ရီဘာရီသည် ဇွန်လ (၃၀)ရက်တွင် ဖီအိုရင်တီးနားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

သို့သော် ရီဘာရီက ဖီအိုရင်တီးနားအသင်းတွက် ဆက်လက်ကစားရေးမှာ သူ့အတွက် ဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"လာမယ့်ရာသီ ဖီအိုရင်တီးနားအသင်းမှာ ဆက်ရှိနေဖို့က ကျွန်တော့်ရဲ့ ဦးစားပေးအရာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ စာချုပ်ကိစ္စအတွက် အသင်းနဲ့ဆွေးနွေးဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်"ဟု ရီဘာရီက ပြောကြားခဲ့သည်။ 

ရီဘာရီသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ဖီအိုရင်တီးနားအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၅၁)ပွဲတွင် (၅)ဂိုး သွင်းယူထားသည်။ 

ရီဘာရီသည် လက်ရှိတွင် ဖီအိုရင်တီးနာအသင်း၌ တစ်နှစ်လစာ ယူရို(၄.၅)သန်း ရရှိနေသူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းက ၎င်းကို (၂)နှစ်စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent