ပေါ့ဘာနှင့် ပြန်လည်လက်တွဲရန် အယ်လီဂရီ ဆန္ဒရှိနေ

ပေါ့ဘာနှင့် ပြန်လည်လက်တွဲရန် အယ်လီဂရီ ဆန္ဒရှိနေ
Photo: Getty Images
Photo: Getty Images
Published 4 June 2021

ဂျူဗင်တပ်စ်အသင်းနည်းပြသစ် အယ်လီဂရီသည် မန်ယူအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာနှင့် ပြန်လည်လက်တွဲရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ဂျူဗင်တပ်စ်အသင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ (၄)ရာသီကြာ ကစားခဲ့သူဖြစ်သည်။ 

အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပထမအကြိမ် ကိုင်တွယ်ခဲ့ရာတွင် ပေါ့ဘာနှင့် (၂)ရာသီ လက်တွဲခဲ့ဖူးပြီး ပေါ့ဘာသည် ၎င်းလက်အောက်တွင် ခြေစွမ်းပြကစားနိုင်ခဲ့သည်။ 

ထို့ကြောင့် အယ်လီဂရီသည် ပေါ့ဘာနှင့် ပြန်လည်လက်တွဲရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး ပေါ့ဘာကို ခေါ်ယူရန်အတွက် မန်ယူအသင်းထံ ကမ်းလှမ်းမှုများ ပြုလုပ်သွားဖွယ်ရှိနေကြောင်း သိရသည်။ 

မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် ပေါ့ဘာ၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ၎င်းကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါက ၂၀၂၂ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရမည်ဖြစ်သည်။ 

Most Read

Most Recent