ပြင်သစ်လီဂူးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက် လျှော့ချမည်

ပြင်သစ်လီဂူးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက် လျှော့ချမည်
Photo: Sky Sports
Photo: Sky Sports
Published 4 June 2021

ပြင်သစ်ပရော်ဖက်ရှင်နယ်လိဂ်အဖွဲ့ချုပ်က ပြင်သစ်လီဂူးပြိုင်ပွဲတွင် ၂၀၂၃-၂၄ ရာသီမှစ၍ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို (၁၈)သင်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်း ကြာ သပတေးနေ့က အတည်ပြုကြေညာခဲ့သည်။ 

လက်ရှိတွင် ပြင်သစ်လီဂူး-၁ ပြိုင်ပွဲတွင် ပြိုင်ပွဲအသင်း (၂၀)ဖြင့် ယှဉ်ပြိုင်နေပြီး ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာရန်နှင့် ကစားရသည့်ပွဲများ လျှော့နည်းသွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းသို့ ပြိုင်ပွဲဝင်အသင်းအရေအတွက် လျှော့ချရန် မဲခွဲဆုံး ဖြတ်ခဲ့ရာ ထောက်ခံမဲ (၉၇%)ကျော်ရရှိခဲ့သဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ယခု ဆုံးဖြတ်ချက်အရ ၂၀၂၂-၂၃ ရာသီအကုန်တွင် ပြင်သစ်လီဂူးပြိုင်ပွဲမှ တန်းဆင်းရသည့်အသင်း (၄)သင်းအထိ ရှိလာမည်ဖြစ်သည်။ 

နောက်ပိုင်းရာသီများတွင် တန်းဆင်းတန်းတက်စနစ်ကို ဘွန်ဒစ်လီဂါပြိုင်ပွဲနည်းတူ ကျင့်သုံးသွားမည်ဟု သိရသည်။

Most Read

Most Recent