■ ၂၀၂၁ ဥရောပစူပါဖလားပွဲကို တူရကီနိုင်ငံတွင် ပြောင်းလဲကျင်းပမည်

■ ၂၀၂၁ ဥရောပစူပါဖလားပွဲကို တူရကီနိုင်ငံတွင် ပြောင်းလဲကျင်းပမည်
Published 1 June 2021

၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးယဲလ်အသင်းတို့ ယှဉ်ပြိုင်ရမည့် ဥရောပစူပါဖလားပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်တွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဥရောပစူပါဖလားပွဲကို မူလက မြောက်အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်စ်မြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း တူရကီနိုင်ငံသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပခွင့်ကို (၂)ရာသီဆက်တိုက် ဆုံးရှုံးထားရသည့်အတွက် UEFA က အခွင့်အရေးပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းသတင်းကို တူရကီအားကစားဝန်ကြီး ကာဆာပိုဂလူးကလည်း အတည်ပြုခဲ့သည်။ 

''ကျွန်တော်တို့ ဒီနှစ် ဥရောပစူပါဖလားပွဲနဲ့ ၂၀၂၃ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ''ဟု ကာဆာပိုဂလူးက ဆိုခဲ့သည်။ 

ယခုနှစ် ဥရောပစူပါဖလားပွဲအဖြစ် ချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးယဲလ်အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဥရောပစူပါဖလားပွဲကို သြဂုတ်(၁၁)တွင် ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent