မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄ နှစ်ဖြစ်ပြီး သက်ကြီးရွယ်အိုများအနက် အသက် ၆၀ ကျော်ရှိသည့် လူဦးရေမှာ တစ်နှစ်လျှင် ပျမ်းမျှ နှစ်ရာခိုင်နှုန်းကျော်ရှိ

မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄ နှစ်ဖြစ်ပြီး သက်ကြီးရွယ်အိုများအနက် အသက် ၆၀ ကျော်ရှိသည့် လူဦးရေမှာ တစ်နှစ်လျှင် ပျမ်းမျှ နှစ်ရာခိုင်နှုန်းကျော်ရှိ
Published 20 May 2021

မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း သည် ၆၇ ဒသမ ၄ နှစ်ဖြစ်ပြီး သက်ကြီးရွယ်အိုများအနက် အသက် ၆၀ ကျော်ရှိသည့် လူဦး ရေမှာ တစ်နှစ်လျှင် ပျမ်းမျှ နှစ်ရာခိုင်နှုန်း ကျော်ရှိကြောင်း  ပြည်သူ့အင်အားဦးစီးဌာန က တရားဝင်ထုတ်ပြန်သော ‘သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသနစာတမ်း’ တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများအနက် အသက် ၆၀ ကျော်ရှိသည့် လူဦးရေ မှာ တစ်နှစ်လျှင် ပျမ်းမျှနှစ်ရာခိုင်နှုန်းကျော် ရှိပြီး  ယင်းစာတမ်းအရ မြို့ပြရှိ သက်ကြီးရွယ် အိုဦးရေမှာ ကျေးလက်ထက် ပိုများနေရာ မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ တွင် သက်ကြီးရွယ်အိုဦးရေပမာဏ တိုးပွား လာမှု အမြင့်ဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ် အိုဦးရေ ၄ ဒသမ ၅ သန်းရှိပြီး ၂၀၅၀ ပြည့် နှစ်တွင်  မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အို ၁၃ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းမှာ ၂၀၁၄ ခုနှစ် သန်း ခေါင်စာရင်းမှရရှိသော အချက်အလက်များ ကို အခြေခံ၍ ပြုစုထားသောစစ်တမ်းဖြစ် ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အို ၁၃ သန်းရှိလာမည်ဟုခန့် မှန်းထားရာ ယင်းနှစ်တွင် မြန်မာနိုင်ငံ၏အ သက်ဖွဲ့စည်းမှုပုံစံသည် လက်ရှိ စင်ကာပူ နိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံနှင့် တူညီနေ မည်ဖြစ်ပြီး အသက် ၆၀ နှင့်အထက်တွင် လူဦးရေ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေမည် ဖြစ်ကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်တွင် သက် ကြီးရွယ်အိုအရေအတွက်နှင့် အသက် ၁၅ နှစ်အောက်ကလေးအရေအတွက် တူညီလု နီးပါးဖြစ်နေမည်ဖြစ်ကြောင်း ယင်းစာတမ်း တွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက် ယူရရှိသော အချက်အလက်များကို အသုံး ပြု၍ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲခြင်း နှင့် သက်ကြီးရွယ်အိုဦးရေ၊ သက်ကြီးရွယ်အို များ၏ လူမှုရေးဆိုင်ရာအချက်အလက်များ၊ နေထိုင်မှုအခြေအနေများ၊ စီးပွားရေးဆိုင် ရာအခြေအနေများ၊ ကျန်းမာရေးနှင့် မျှော် မှန်းသက်တမ်း၊  ဒေသအလိုက်သက်ကြီးရွယ်အိုများ၏ ကွာခြားချက်များ စသည့်အကြောင်း အရာများကို လေ့လာထားခြင်းဖြစ်ကြောင်း လည်း သိရသည်။

သုတေသနအရ ၁၉၇၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း နှစ်စဉ် စုစုပေါင်း လူဦးရေ တိုးနှုန်း ၁ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့သော် လည်းအသက် ၆၀ နှင့် အထက် လူဦးရေ သည် နှစ်စဉ် ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တိုး တက်လာခဲ့ကြောင်း၊ မြို့ပြတွင် ကျေးလက်  ထက် သက်ကြီးရွယ်အိုဦးရေပိုများပြီး လက် ရှိနှုန်းအတိုင်း ဆက်လက်တိုးပွားမည်ဆိုပါ က ၂၀၃၀ ပြည့်နှစ်၌ အချက်အချာကျသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စုစု ပေါင်း လူဦးရေလျော့နည်းလာခြင်းနှင့်အတူ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ဦးရေတိုးနှုန်း အမြင့်ဆုံးဖြစ်သည့်အခြေအ နေများကို ကြုံတွေ့လာမည်ဖြစ်ကြောင်း လည်း သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု   ပြဋ္ဌာန်းခဲ့ပြီး ဥပဒေကို အကောင်အထည် ဖော်မည့်နည်းဥပဒေကို ဆက်လက်ရေးဆွဲခဲ့ ကြောင်းနှင့် မြန်မာနိုင်ငံတွင် သက်ကြီးရွယ် အိုများအတွက် အရပ်ဘက်နှင့် လူမှုအဖွဲ့ များက တည်ထောင်ထားသော ဘိုးဘွားရိပ်သာ စုစုပေါင်း ၈၁ ခုရှိပြီး လူမှုဝန်ထမ်းဦးစီး ဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့် ရှောက်ရေး စံပြဂေဟာကိုလည်း ဖွင့်လှစ် ပေးထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ သိရသည်။

အစိုးရအနေဖြင့် သက်ကြီးရွယ်အိုဘဝ ဝင်ငွေလုံခြုံရေးကို အထောက်အကူဖြစ်စေ ရေးအတွက် ရည်ရွယ်ပြီး သက်ကြီးရွယ်အို များအတွက် ငွေကြေးအထောက်အပံ့ပေး သည့် လူမှုရေးပင်စင်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်အကောင်အ ထည်ဖော်ခဲ့ပြီးဖြစ်သည်။

Most Read

Most Recent