ချယ်လ်ဆီး-ရီးယဲလ်မက်ဒရစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို အီတလီဒိုင်လူကြီး အော်ဆာတို တာဝန်ယူမည် 

ချယ်လ်ဆီး-ရီးယဲလ်မက်ဒရစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို အီတလီဒိုင်လူကြီး အော်ဆာတို တာဝန်ယူမည် 
Photo: Getty Images
Photo: Getty Images
Published 5 May 2021

 

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် ချယ်လ်ဆီးနှင့် ရီးယဲလ်တို့၏ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို အီတလီဒိုင်လူကြီး အော်ဆာတိုက တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အော်ဆာတိုသည် ချယ်လ်ဆီးအသင်း က အက်သလက်တီကိုအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ယူခဲ့သည့် ရှုံးထွက်(၁၆) သင်းအဆင့်တွင် တာဝန်ယူခဲ့သူဖြစ်ပြီး ရီးယဲလ်အသင်း၏ ချန်ပီယံလိဂ်ပွဲစဉ်(၃) ပွဲကို တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။

အော်ဆာတိုတာဝန်ယူခဲ့ သည့် ပွဲစဉ်များတွင် ရီးယဲလ်အသင်းသည် (၂)ပွဲနိုင်၊ (၁)ပွဲရှုံးနိမ့်ခဲ့ပြီး ရှုံးနိမ့်ခဲ့ သည့်ပွဲမှာ ပြီးခဲ့သည့်ရာသီ ရှုံးထွက်(၁၆)သင်းအဆင့်တွင် အိမ်ကွင်း၌ မန်စီးတီး အသင်းကို (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲဖြစ်ကြောင်း သိရသည်။ အော်ဆာတို သည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကိုင်တွယ်ထားသူလည်းဖြစ်သည်။

Most Read

Most Recent