ပရိသတ်များကြောင့် လီဗာပူးလ်နှင့်ပွဲ ရွှေ့ဆိုင်းခဲ့ရသဖြင့် စည်းမျဉ်းအရ မန်ယူအသင်း အမှတ်လျှော့ခံရနိုင်သည်ဟု Daily Mail ဖော်ပြ

ပရိသတ်များကြောင့် လီဗာပူးလ်နှင့်ပွဲ ရွှေ့ဆိုင်းခဲ့ရသဖြင့် စည်းမျဉ်းအရ မန်ယူအသင်း အမှတ်လျှော့ခံရနိုင်သည်ဟု Daily Mail ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 5 May 2021

 

မန်ယူအသင်းသည် ပရိသတ်များကြောင့် လီဗာပူးလ် နှင့်ပွဲကို ရွှေ့ဆိုင်းခဲ့ရသဖြင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်နှင့် FA ၏ စည်းမျဉ်းများအရ အမှတ်လျှော့ပြစ်ဒဏ် ကျခံရနိုင်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူ-လီဗာပူးလ်ပွဲကို ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း မန်ယူပရိသတ်များက အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ဝင်ရောက်ကာ အသင်းပိုင်ရှင် ဂလေဇာမိသားစု ကို ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပြီး ထိန်းသိမ်း၍ မရခဲ့သည့်အတွက် ပွဲကစားနိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ 

မန်ယူအသင်းပရိသတ်များသည် ကွင်းအတွင်းမှ ပစ္စည်းအချို့ကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့်အပြင် ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့မှုများလည်း ရှိခဲ့ကြောင်း သိရသည်။ ထို့ ကြောင့် ယှဉ်ပြိုင်မည့် အသင်းနှစ်သင်းစလုံး အိုးလ်ထရက်ဖို့ဒ် ကွင်းသို့ လာရောက်နိုင်ခြင်းမရှိဘဲ ပွဲကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ် သည်။ ယင်းပွဲ ပြန်ကစားမည့်နေ့ရက်ကို မေလ(၄)ရက်နေ့အ ထိ သတ်မှတ်နိုင်ခြင်းမရှိသေးသော်လည်း ကြားရက်တစ်ရက် တွင် ယှဉ်ပြိုင်ကစားရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်ထားသည်။

ယင်းကဲ့သို့ ပရိသတ်များကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရခြင်းမှာ ပရီးမီးယားလိဂ်မှ ချမှတ်ထားသောစည်းမျဉ်းကို ချိုးဖောက်ရာ ရောက်ခဲ့သည့်အတွက် မန်ယူအသင်းအနေဖြင့် အမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံရနိုင်ကြောင်း Daily Mail က သုံးသပ်ခဲ့ ခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်အိမ်ရှင်အသင်းများအနေ ဖြင့် ကစားသမားများ၊ ပြိုင်ပွဲတာဝန်ရှိသူများအား လုံခြုံဘေးကင်း စွာဖြင့် ကွင်းအတွင်း ဝင်ရောက်နိုင်ရန်၊ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာနိုင်ရန် တာဝန်ယူရမည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စည်းမျဉ်းချမှတ်ထားသလို၊ ပရိသတ်များ၏ အပြုအမူအတွက် တာဝန်ယူရမည်ဟုလည်း ပါရှိသည်။ ယင်းဖြစ်စဉ် တွင် ရဲတပ်ဖွဲ့ဝင်(၆)ဦး ဒဏ်ရာရရှိခဲ့ပြီး မန်ယူပရိသတ်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းလည်း သိရသည်။

Most Read

Most Recent