မိုဘိုင်းအင်တာနက်ဖြင့် အွန်လိုင်းဘဏ် ဝန်ဆောင်မှုလုပ်ငန်းများ ထပ်မံရရှိသည့် ဘဏ်ငါးခုနှင့် မိုဘိုင်း ငွေရေး ကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ငါးခုအား ဗဟိုဘဏ်က ဧပြီ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။
မိုဘိုင်းအင်တာနက် ယာယီပြတ်တောက်နေစဉ် ကာလအတွင်း ဘဏ်နှင့် မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများ၏ အင်တာနက်အသုံးပြု၍ ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာ System များ၊ Application များကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ရာ ဧပြီ ၂၉ ရက်တွင် ဝန်ဆောင်မှုရရှိသည့် ဘဏ်အချို့ကို ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဘဏ်တို့မှလည်း Mobile Banking၊ internet Banking၊ Mobile Top-up၊ Other Cards Top-up၊ Bill Pyament များ၊ Visa၊ Master၊ Credit Card Payment၊ MPU Cards၊ All ATMs၊ Bank Pay များမှ Account to Account Transfer၊ Wallet to Wallet၊ Bank to Wallet၊ Wallet to Bank၊ CBM Net ၏ CCT Function စသည့် ဝန်ဆောင်မှုများကို အများပြည်သူများအတွက် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် Wave Money၊ OKS၊ M-Pitesan၊ Mytel Pay၊ MPT Money တို့ဖြင့် Mobile top-up၊ Wallet to Wallet၊ Bank to Wallet၊ Wallet to Bank၊ Air Time top-up၊ Merchant Cash in/ Cash out တို့ကိုလည်း ယခင်အတိုင်း ဝန်ဆောင်မှုများကိုလည်း ပြန်လည် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။















