ဖခင်ကြောင့် လူမှုကွန်ရက်တွင် ခြိမ်းခြောက်ခံရသည်ဟု ပီယာလို၏သား ဖွင့်ဟ     

ဖခင်ကြောင့် လူမှုကွန်ရက်တွင် ခြိမ်းခြောက်ခံရသည်ဟု ပီယာလို၏သား ဖွင့်ဟ     
Photos: Getty Images & Instagram
Photos: Getty Images & Instagram
Published 27 April 2021

ဂျူဗင်တပ်စ်နည်းပြ ပီယာလို၏ သားဖြစ်သူ နီကိုလိုပီယာလိုက ဖခင်ဖြစ်သူကြောင့် လူမှုကွန်ရက်တွင် ခြိမ်းခြောက်မှုများ၊ စော်ကားတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ 

ပီယာလိုသည် ဂျူဗင်တပ်စ်အသင်းကို စီးရီးအေချန်ပီယံဆု ကာကွယ်ပေးနိုင်ခြင်းမရှိရုံသာမက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်ပင် ရုန်းကန်နေရသည့်အတွက် ရာထူးမှထုတ်ပယ်ခံရတော့မည်ဟု ထင်ကြေးပေးခံနေရသည်။ 

ထို့ပြင် ပီယာလိုသည် ရလဒ်ဆိုးများကြောင့် အသင်းပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။   

ယခုအခါ မိသားစုကိုပါ ဂယက်ရိုက်ခတ်လာခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူ နီကိုလိုက "ကျွန်တော့်ရဲ့ တစ်ခုတည်းသောအမှားက ဂျူဗင်တပ်စ်နည်းပြရဲ့ သားဖြစ်နေတာပါပဲ။ သူတို့က 'မင်းလည်း မင်းအဖေနဲ့အတူ သေသွားရမှာ'လို့ လူမှုကွန် ရက်မှာ ကျွန်တော့်ကို ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၃၃)အပြီးတွင် ရမှတ် (၆၆)မှတ်ဖြင့် အဆင့်(၄)နေရာ၌ ရပ်တည်နေပြီး အဆင့်(၅)နေရာမှ အေစီမီလန်အသင်းနှင့် အမှတ်တူအနေအထားဖြစ်နေကာ ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရဖွယ်ရှိနေသည်။ 

Most Read

Most Recent