အီတလီစီးရီးအေပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 25 April 2021

ဘင်နီဗန်တို - အူဒီးနီးစ် (တနင်္ဂနွေညနေ ၅းဝ၀ နာရီ)

အူဒီးနီးစ်က ဒီပွဲနိုင်ရင် တန်းဆင်းအန္တရာယ်ကနေ စိတ် ချရတဲ့အခြေအနေမျိုးဖြစ်လာပါလိမ့်မယ်။ ဘင်နီဗန်တိုကတော့ နောက်ဆုံးအချိန်အထိ အမှားမခံဘဲ ရုန်းကန်ရမယ့်အခြေအနေ ပါ။ ဒါပေမဲ့ ဘင်နီဗန်တို တစ်မှတ်ထက် ပိုမရနိုင်ဘူး။

ဖီအိုရင်တီးနား - ဂျူဗင်တပ်စ် (တနင်္ဂနွေည ရး၃၀ နာရီ)

ကစားပုံတိုးတက်လာပေမဲ့ ဖီအိုရင်တီးနား ရလဒ်တွေ မတည်ငြိမ်သေးဘူး။  ကယ်လီဟွန်၊ ဘိုနာဗန်ကျူရာ၊ ရီဘာရီတို့ နဲ့ လူပြန်စုံလာပေမဲ့ ခံစစ်က ဂိုးတွေခပ်လွယ်လွယ်ပေးနေရသေး တယ်။ ပြီးတော့ တစ်ဦးချင်းတိုးအားတွေနဲ့ ကစားတတ်သူတွေ ကို ဖီအိုရင်တီးနား ထိန်းချုပ်ရာမှာ အမှားတွေကျူးလွန်တတ်ပါ တယ်။ ဒါက ဂျူဗင်တပ်စ်အတွက် အခွင့်အရေးဖြစ်လာပါလိမ့် မယ်။ ဂျူဗင်တပ်စ် အနိုင်ရပါလိမ့်မယ်။ 

အင်တာမီလန် - ဗီရိုနာ (တနင်္ဂနွေည ရး၃၀ နာရီ)

ဗီရိုနာက ရလဒ်တွေယိမ်းယိုင်နေပေမဲ့ ပထမအကျော့ မှာ ဒုက္ခပေးခဲ့သလို၊ အစဉ်အလာအရလည်း အင်တာမီလန်ကို အခက်တွေ့စေတဲ့အသင်းပါ။ နာပိုလီကြောင့် အင်တာမီလန်ရဲ့ နိုင်ပွဲဆက်မှတ်တမ်း ရပ်တန့်သွားပေမဲ့ တကယ်တမ်း အာရုံစိုက်  ကစားရင် ဗီရိုနာကို အသာစီးမရစရာ မရှိပါဘူး။ စီးရီးအေဂိုးသွင်း ဘုရင်ဆု မျှော်လင့်နေတဲ့ လူကာကူကလည်း ရုန်းကန်ပြနေပါ တယ်။ အင်တာမီလန် (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။ 

ကာဂလီယာရီ - ရိုးမား (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

တိုရီနိုရဲ့ တန်းဆင်းဇုန်ရုန်းအားကြောင့် ရိုးမား ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးပါပြီ။ အခုလည်း ကာဂလီယာရီရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့် ရိုးမား အခက်တွေ့ဦးမလား စောင့်ကြည့်ရ မယ်။ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ရိုးမား အမှတ်လိုနေပေမဲ့ ဒီပွဲ ပြီးရင် မန်ယူနဲ့ ကစားရမယ့် လက်ရှိရာသီ ယူရိုပါလိဂ်ဆီမီးဖိုင် နယ်ပွဲ   ဆီ အာရုံများနေနိုင်တယ်။ ကာဂလီယာရီ အမှတ်ရနိုင်ပြီး (၁-၁)၊ (၂-၁)လောက်ဖြစ်နိုင်တယ်။ 

အတ္တလန်တာ - ဘိုလော့ဂ်နာ (တနင်္လာနံနက် ၁း၁၅ နာရီ)

အတ္တလန်တာက ချန်ပီယံလိဂ်ဝင်ခွင့်သေချာအောင်  အားစိုက်ကစားနေပါတယ်။  တိုက်စစ်မှာလည်း မူရီယဲလ်၊ ဇာပါ တာ၊ အီလီချစ်တို့နဲ့ လူပြန်စုံလာတယ်။ အရင်လို ဂိုးပြတ်အောင်ပွဲ တွေ သိပ်ပြီးမမြင်ရပေမဲ့ ဂိုးတွေအများကြီးရနိုင်တဲ့ အားထုတ်မှု မျိုး ဆက်လက်တည်ရှိနေဆဲပဲ။ ဘိုလော့ဂ်နာက ဒီရာသီမှာ ခန့် မှန်းရအခက်ဆုံးအသင်းတစ်သင်းအဖြစ်ရှိနေတယ်။ အတ္တလန် တာ အနိုင်သေချာပေမဲ့ (၂)ဂိုးပြတ်၊ မပြတ်စဉ်းစားရမယ်။

 

Most Read

Most Recent