ကိုဗစ်ကူးစက်ခဲ့သည့် အီတလီလက်ရွေးစင်အသင်းနည်းပြအဖွဲ့ဝင် ဒီရော့ဆီ ပြန်လည်သက်သာလာ

ကိုဗစ်ကူးစက်ခဲ့သည့် အီတလီလက်ရွေးစင်အသင်းနည်းပြအဖွဲ့ဝင် ဒီရော့ဆီ ပြန်လည်သက်သာလာ
Photo: Getty Images
Photo: Getty Images
Published 12 April 2021

 

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော  အီတလီလက်ရွေးစင်အသင်းနည်းပြအဖွဲ့ဝင် ဒီရော့ဆီသည် လက်ရှိအချိန်တွင် ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။ 

ဒီရော့ဆီသည် ပြီးခဲ့သည့်မတ် လနှောင်းပိုင်းတွင် ကစားခဲ့သော အီတလီအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲများ အတွက် အီတလီအသင်းနှင့်အတူ လိုက်ပါစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်သည်။ 

ထို့ကြောင့် ဒီရော့ဆီသည် ရောမမြို့ရှိ၊  စပယ်လန်ဇာနီဆေးရုံသို့ တက်ရောက်ကုသခဲ့ရကြောင်း သိရသည်။ ဆေးရုံတွင် (၂)ရက်ကြာကုသခဲ့ပြီး နောက် ဒီရော့ဆီ၏ အခြေအနေ တိုးတက်လာပြီး ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ANSA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Most Read

Most Recent