WBO ၏ ဝယ်လ်တာဝိတ်တန်းချန်ပီယံ ကရောဖို့ဒ်နှင့် ပက်ကီယောင်းတို့ဇွန်လ (၅)ရက်နေ့တွင် ထိုးသတ်ရန်စီစဉ်နေဟု Top Rank အတည်ပြု

WBO ၏ ဝယ်လ်တာဝိတ်တန်းချန်ပီယံ ကရောဖို့ဒ်နှင့် ပက်ကီယောင်းတို့ဇွန်လ (၅)ရက်နေ့တွင် ထိုးသတ်ရန်စီစဉ်နေဟု Top Rank အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 4 April 2021

 

Pay Par View ပွဲစဉ်များကို စီစဉ်နေသည့် Top Rank  က လက်ဝှေ့လောကနှင့် (၂)နှစ်ကျော်ကြာကင်းကွေနေသည့် ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းနှင့် WBO ၏ ဝယ်လ်တာဝိတ်တန်းရွှေခါးပတ်ချန်ပီယံ ကရောဖို့ဒ်တို့၏ ပွဲစဉ်ကို လာမည့် ဇွန်လ (၅)ရက်နေ့တွင် ထိုးသတ်သွားရန် စီစဉ်နေသည်ဟု ESPN သို့အတည်ပြုခဲ့သည်။

ပက်ကီယောင်းသည် ၂၀၁၉ ခုနှစ်အတွင်းက ကိသ်တာမန်းအား အနိုင်ယူခဲ့သည့်ပွဲကို နောက်ဆုံးထိုးသတ်ခဲ့ပြီးနောက် ကစားသမားဘဝတွင် (၆၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၇) ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ဝှေ့လောက၏ ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်သည်။ 

ယခုပွဲစဉ်ကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ကျင်းပရန် စီစဉ်ထားပြီး ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်းမှာ ပွဲဝင်ရောက် ကြည့် ရှုမည့်သူအနည်းငယ်၏ အလွန်မြင့်မားသည့် လက်မှတ်နှုန်းထားအတွက် အဆင်ပြေသည့် နေရာတစ်ခုဖြစ်ခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရှိရသည်။ ပက်ကီယောင်းနှင့် ထိုးသတ်မည့် ကရော့ဖို့ဒ်မှာမူ ကစားသမားဘဝတစ်လျှောက် စုစုပေါင်းပွဲစဉ် (၃၇) ပွဲထိုးခဲ့ဖူးရာတွင် (၃၇) ပွဲစလုံးကို အနိုင်ယူထားသူဖြစ်ပြီး ယင်းအနက် (၂၈) ပွဲကို အလဲထိုး အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။ 

"သူတို့နှစ်ဦးပွဲအတွက် ဆွေးနွေးမှုတွေလုပ်နေတာ အရမ်းကြာနေပါပြီ။ အခုတော့ နောက်ဆုံးအပြီးသတ်နိုင် ဖို့ သိပ်မလိုတော့ပါဘူး။ ထိုးမယ့်နေရာက အဘူဒါဘီဖြစ်ပြီး၊ ထိုးမယ့်နေ့က ဇွန်လ (၅) နေ့ကို ရည်ရွယ်ထားပါတယ်" ဟု Top Rank က အတည်ပြုခဲ့သည်။ 

Boxing Insider မှ နာမည်ကျော် လက်ဝှေ့သတင်းထောက် မိုက်ကော်ပင်ဂါကမူ "ဒီပွဲက ကရောဖို့ဒ်အတွက် သူ့အပေါ် ဝေဖန်မှုတွေကို  အဆုံးသတ်ဖို့ အကောင်းဆုံးအခွင့်အရေးပါ" ဟုဆိုခဲ့ပြီး အရည်အသွေးနိမ့်ပြိုင်ဘက်များနှင့် ဆက်တိုက် ထိုးသတ်ခဲ့ ခြင်းအတွက် ဝေဖန်ခံနေရခြင်းအပေါ် ရည်ရွယ်ပြီး ပြောကြားခဲ့သည်။ 

ယခုပွဲစဉ်အတွက် ပက်ကီယောင်းသည် ကရောဖို့ဒ်ထက် ပွဲထိုးသတ်ကြေး ပိုမိုရရှိမည်ဖြစ်ပြီး ထိုးသတ်ကြေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိသေးချေ။ 

Most Read

Most Recent