စပါးအသင်းတွင်ရေရှည်ဆက်ရှိရန် ဟာရီကိန်း အာမခံချက်မပေးခဲ့ဘဲ ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် အနာဂတ်ကိုဆုံးဖြတ်မည်ဟု ဝန်ခံ

စပါးအသင်းတွင်ရေရှည်ဆက်ရှိရန် ဟာရီကိန်း အာမခံချက်မပေးခဲ့ဘဲ ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် အနာဂတ်ကိုဆုံးဖြတ်မည်ဟု ဝန်ခံ
Photo: AFP
Photo: AFP
Published 29 March 2021

စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းသည် လက်ရှိကလပ် စပါးအသင်းတွင် ရေရှည် ရှိနေမည်ဟု အာမခံချက်မပေးခဲ့ဘဲ လာမည့်ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် သူ၏အနာဂတ်ကိုဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရသည်။ ဟာရီကိန်းသည် စပိန်က လပ် ရီးယဲလ်မက်ဒရစ်အသင်းအပါအဝင် ဥရောပအသင်း ကြီးအချို့၏ပစ်မှတ်ထားမှုကို ခံနေရသည့်ကစားသမားဖြစ် ပြီး၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော အယ်လ်ဘေး နီးယား - အင်္ဂလန်ပွဲအတွက်ပြုလုပ်သည့် ပွဲကြိုမီဒီယာတွေ့ ဆုံမှု၌ သူ၏အနာဂတ်နှင့်ပတ်သက်၍ မီဒီယာများက မေး မြန်းခဲ့ကြခြင်းဖြစ်သည်။

    

''ဆုဖလားများရယူဆွတ်ခူးနိုင်ရန်အတွက် စပါးအ သင်း မှ အခြားအသင်းကြီးတစ်သင်းသင်းသို့ ပြောင်းရွှေ့က စားမည်လား''ဟု ဂျာနယ်လစ်တစ်ဦးက မေးမြန်းခဲ့ရာ ၎င်းက ''ဒါက အခုအချိန်မှာ ဖြေဆိုဖို့ခက်ခဲတဲ့မေးခွန်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိမှာ အရေးကြီးတာကတော့ လာမယ့် အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာပွဲတွေနဲ့ စပါးအ သင်းရဲ့ရာသီလက်ကျန်ပွဲတွေပါ။ ဒါတွေပြီးရင်တော့ ယူရို ၂၀၂ဝပြိုင်ပွဲပေါ့။ ထင်ကြေးသတင်းတွေ၊ ကောလာဟလ တွေကို စဉ်းစားနေရတာ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေပါလိမ့်မယ်။ လက်ရှိအချိန်မှာ ရည်မှန်းချက်တစ် ခု၊ အလုပ်တစ်ခုတည်းအတွက်ပဲ ကျွန်တော် အာရုံစိုက် ချင်ပါတယ်။ ဒါကြောင့် ကျွန်တော် ဒီထင်ကြေးသတင်းတွေ နဲ့ဝေးရာမှာ တတ်နိုင်သလောက်နေခဲ့ပါတယ်။ ရာသီကုန် အထိတော့ မြက်ခင်းပြင်ပေါ်က အလုပ်အတွက်ပဲ အာရုံအ ပြည့်အဝထားရမှာပါ။ ဒါတွေပြီးရင်တော့ ဘာတွေဖြစ်လာ မလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့'' ဟု ဖြေကြား ခဲ့သည်။

    

ဟာရီကိန်းသည် စပါးအသင်းတွင် ၂၀၀၉-၁၀ ရာသီ ကတည်းက (၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လေတန် အောရီယန့်၊ မီဝေါလ်၊ နောဝစ်ချ်၊ လက်စတာအသင်းများ တွင် အငှားသွားရောက်ကစားခဲ့)စတင်ကစားခဲ့ပြီး အသင်း အတွက် ပြိုင်ပွဲစုံ (၃၂၇)ပွဲကစားရာတွင် (၂၁၅) ဂိုးသွင်းယူ ပေးထားသည်။ သို့သော် စပါးအသင်းတွင် သူ ကစားစဉ် ကာလတစ်လျှောက် အသင်းမှာ မည်သည့်ပြိုင်ပွဲတွင်မျှ ချန် ပီယံဖြစ်ခဲ့ခြင်းမရှိရာ ၎င်းင်းအနေဖြင့် စပါးအသင်းနှင့်အတူ ဆုဖလားတစ်လုံးမျှ ရယူနိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြစ်ရာ ဟာရီ ကိန်းအနေဖြင့် ကစားသမားဘဝတွင် ဆုဖလားအောင်မြင် မှုများ ရယူနိုင်ရန်အတွက် အသင်းပြောင်းရွှေ့သင့်နေပြီဆို သည့် ပြောဆိုမှုများလည်း ရှိနေသည်။ 

Most Read

Most Recent