ဝက်စ်ဟမ်းအသင်းသို့ အငှားချထားသည့် လင်ဂတ်ကို (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် မန်ချက်စတာယူနိုက်တက် စီစဉ်

ဝက်စ်ဟမ်းအသင်းသို့ အငှားချထားသည့် လင်ဂတ်ကို (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် မန်ချက်စတာယူနိုက်တက် စီစဉ်
Photo: Getty Images
Photo: Getty Images
Published 28 March 2021

 

မန်ချက်စတာယူနိုက်တက်အသင်းသည် တိုက်စစ်ကစားသမားဖြစ်သူ လင်ဂတ်ကို (၃)နှစ်သက်တမ်းတိုးစာချုုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်းသိရသည်။

လင်ဂတ်သည် ပြီးခဲ့သည့်နှစ်များအတွင်း မန်ချက်စတာယူနိုက်တက်၌ ပုံမှန်နေရာပျောက်ဆုံးခဲ့သော်လည်း လက်ရှိရာသီဝက်ကာလတွင် ဝက်စ်ဟမ်းအသင်းသို့ အငှားပြောင်းရွှေ့ကစားပြီးနောက် ခြေစွမ်းပြနေသူဖြစ်သည်။ 

အသက် (၂၈)နှစ်အရွယ် လင်ဂတ်သည် ဝက်စ်ဟမ်းအသင်းအတွက် (၇)ပွဲကစားထားပြီး (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ထားသည်။ 

ထို့အပြင် လင်ဂတ်သည် အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း ပြန်လည်ရွေးချယ်ခံထားရပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဝက်စ်ဟမ်းနှင့် အငှားစာချုပ်သက်တမ်းကုန်ဆုံးလျှင် ပြန်လည်ခေါ်ယူပြီး စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။

လာမည့် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် လင်ဂတ်ကို မန်ချက်စတာယူနိုက်တက်အသင်းက နောက်ထပ် (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ 

သို့သေည် ဝက်စ်ဟမ်းအသင်းကလည်း အငှားစာချုပ်သက်တမ်းကုန်ဆုံးခဲ့လျှင် လင်ဂတ်ကို အပြီးသတ်ခေါ်ယူချင်နေကြောင်းသိရသည်။

Most Read

Most Recent