မတ် ၃ ရက် မန္တလေးလူထုဆန္ဒထုတ်ဖော်မှုတွင် ရတနာပုံတိုက်ကွမ်ဒိုကလပ်မှ အသက် ၁၉ နှစ်အရွယ်ရှိ နည်းပြဆရာမတစ်ဦး သေဆုံး

မတ် ၃ ရက် မန္တလေးလူထုဆန္ဒထုတ်ဖော်မှုတွင် ရတနာပုံတိုက်ကွမ်ဒိုကလပ်မှ အသက် ၁၉ နှစ်အရွယ်ရှိ နည်းပြဆရာမတစ်ဦး သေဆုံး
Photos: EMG, Kyaw Than Oo Facebook
Photos: EMG, Kyaw Than Oo Facebook
Published 3 March 2021

မတ် ၃ ရက်က မန္တလေးမြို့ လူထုဆန္ဒ ထုတ်ဖော်မှုတွင် ရတနာပုံတိုက်ကွမ်ဒိုကလပ်အသင်းမှ ကကွက်နည်းပြဆရာမ မကြယ်စင် (၁၉ နှစ်) သေဆုံးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ လူထုဆန္ဒထုတ်ဖော်မှုကို ပစ်ခတ်ဖြိုခွင်းရာမှ မကြယ်စင်အား သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

မကြယ်စင်သည် ရတနာပုံကလပ်အသင်းတွင် ကကွက်နည်းပြဆရာအဖြစ် ဆောင်ရွက်နေသလို အတိုက်ပြိုင်ပွဲအမျိုးအစားတွင်မူ ကစားသမားအဖြစ် ကစားလျက်ရှိသည်။ 

မကြယ်စင်ကွယ်လွန်ခဲ့ခြင်းအတွက်  မြန်မာတိုက်ကွမ်ဒိုအသိုင်းအဝိုင်းနှင့် မိသားစုများကဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ 

ရတနာပုံတိုက်ကွမ်ဒို ကလပ်အသင်းကို ပြီးခဲ့သည့်နှစ်အနည်းငယ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူထုဆန္ဒထုတ်ဖော်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်လျက်ရှိပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့အသီးသီးရှိ ဆန္ဒထုတ်ဖော်မှုများတွင် အားကစားအသိုင်းအဝိုင်းမှလည်း ပါဝင်လျက်ရှိသည်။ 

လူထုဆန္ဒထုတ်ဖော်မှုတွင် လက်ရှိလက်ရွေးစင်ကစားသမားများအပြင် လက်ရွေးစင်ဟောင်းများ၊ အားကစားနည်းအလိုက် ကစားသမားဟောင်းများလည်း ပူးပေါင်းပါဝင်လျက်ရှိသည်။

Most Read

Most Recent