ဘန်လေ - လက်စတာ (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၀၀:၃၀ နာရီ)
လက်စတာက ရလဒ်ကောင်းတွေ ဆက်တိုက်ယူနေရင်း အာဆင်နယ်နဲ့ပွဲမှာတော့ ခြေချော်သွားတာတွေ့ရတယ်။ ဒါပေမဲ့ အဲဒီလို ခြေချော်ပြီးတိုင်းလည်း လက်စတာက လမ်းကြောင်းမှန်ပေါ် ပြန်တက်နိုင်လေ့ရှိတာကိုလည်း တွေ့ရတယ်။ ဒီပွဲတော့ လက်စတာ နိုင်ပွဲပြန်ယူပါလိမ့်မယ်။
ရှက်ဖီးယူနိုက်တက် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၀၀:၃၀ နာရီ)
အက်စတွန်ဗီလာက လိဒ်စ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တယ်။ ဂရီးလစ်ရှ် မပါပေမဲ့ ကောင်းမွန်တဲ့ စုဖွဲ့မှုကိုလည်း မြင်ရတယ်။ ဒီပုံအတိုင်းဆိုရင် ဗီလာ က ဒီပွဲကိုလည်း စနစ်တကျ ချဉ်းကပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဗီလာကိုပဲ ကြိုက်တယ်။
ခရစ္စတယ်ပဲလေ့စ် - မန်ယူ (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၄၅ နာရီ)
ခရစ္စတယ်ပဲလေ့စ်အတွက် ဒီလိုပွဲမျိုးမှာ ဇာဟာ ကစားနိုင်ဖို့က အရမ်းအရေးကြီးတယ်။ စိတ်ပိုင်းဆိုင်ရာအရအရေးကြီးသလို၊ ဇာဟာက မန်ယူရဲ့ Defensive Unit ကို တစ်ဦးချင်း စွမ်းရည်နဲ့ ဖရိုဖရဲဖြစ်အောင် လုပ်နိုင်စွမ်းရှိသူဖြစ်တယ်။ ခရစ္စတယ်ပဲလေ့စ်မှာ ကစားသမားကောင်းတွေ အများကြီးရှိပေမဲ့ Big Game Player သိပ်မရှိပါဘူး။ ပွဲကြီးတစ်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ဆိုတာ စိတ်ပိုင်းဆိုင်ရာအရ အားကောင်းပြီး၊ ပွဲကြီးတွေမှာ ရဲရဲတင်းတင်းလုပ်ရဲကိုင်ရဲတဲ့ ကစားသမားမျိုးတွေ လိုအပ်တယ်။ ဒါကြောင့် ဇာဟာက အရေးကြီးတဲ့ အချက်ဖြစ်နေတယ်။ ပုံမှန်အားဖြင့်တော့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ကစားဟန်က မန်ယူကို ဒုက္ခပေးနိုင်တဲ့ ကစားဟန်မျိုးပါ။ အင်အားမျှတဲ့အသင်းချင်းဆိုရင် ကစားချင်သလို ကစားတတ်ပေမဲ့ ပွဲကြီးတွေမှာဆိုရင် ခံစစ်ကို အာရုံစိုက်ကစားတတ်တယ်။ တန်ပြန်တိုက်စစ်အားပြုပုံကောင်းတယ်။ မန်ယူကလည်း ဒီလိုပွဲမျိုးတွေဆိုရင် ဂိုးရခက် တတ်တဲ့အလေ့အထရှိတယ်။ ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပွဲအဖြေပြောင်းလဲနိုင်စွမ်းက ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးတန်းကို ရောက်နေပြီ။ မန်ယူ ခက်ခက်ခဲခဲနဲ့ပဲ ကပ်နိုင်မလား၊ သရေကျသွားမလားဆိုတာ စောင့်ကြည့်ရမယ်။















