အေစီမီလန်နှင့်ကစားမည့်ပွဲကို ရိုးမားတိုက်စစ်မှူး ဂျက်ကို လွဲချော်ဖွယ်ရှိနေ

အေစီမီလန်နှင့်ကစားမည့်ပွဲကို ရိုးမားတိုက်စစ်မှူး ဂျက်ကို လွဲချော်ဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 26 February 2021

ရိုးမားတိုက်စစ်မှူး ဂျက်ကိုသည် ပေါင်ခြံဒဏ်ရာကြောင့် အေစီမီလန်အသင်းနှင့်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။

ဘော့စနီးယားဝါရင့်တိုက်စစ်မှူး ဂျက်ကိုသည် ဖေဖော်ဝါရီ (၂၅)ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် (၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ရိုးမား (၃-၁) ဘရာဂါပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၆၇)မိနစ်၌ မာယိုရယ်လ်နှင့် လူစားလဲခဲ့ရသည်။

ဂျက်ကိုသည် အဆိုပါဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရဖွယ်ရှိနေပြီး လာမည့်တနင်္ဂနွေနေ့ကစားမည့် အေစီမီလန်အသင်းနှင့် စီးရီးအေအိမ်ကွင်းပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

အသက် (၃၄)နှစ်အရွယ်ရှိ ဂျက်ကိုသည် ယခုရာသီတွင် ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲတွင် (၁၀)ဂိုး သွင်းယူပေးထားပြီး ခြေစွမ်းပြနေသည်။

ရိုးမားနည်းပြ ဖွန်ဆီကာအနေဖြင့် အေစီမီလန်နှင့်ပွဲတွင် အသင်းတိုက်စစ်ပိုင်း၌ မာယိုရယ်လ်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုသွားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

Most Read

Most Recent