ဘာစီလိုနာအသင်းမှ ထွက်ခွာခဲ့ရသည့် အဓိကအကြောင်းအရင်းကို ဆွာရက်ဇ် ဖွင့်ဟ

ဘာစီလိုနာအသင်းမှ ထွက်ခွာခဲ့ရသည့် အဓိကအကြောင်းအရင်းကို ဆွာရက်ဇ် ဖွင့်ဟ
Photo: AFP
Photo: AFP
Published 24 February 2021

 

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်းသို့ ရောက်ရှိခဲ့သည့် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဘာစီလိုနာအသင်းမှ ထွက်ခွာရသည့်အကြောင်းအရင်းကို ဖွင့်ချခဲ့ ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းက သူ့အား ထိပ်တန်းအဆင့်၌ကစားရန် အသက်ကြီးနေပြီဟု ပြောကြားခဲ့သည်ဟု အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သူ ဆွာရက်ဇ်က ဖွင့်ချခဲ့သည်။

"သူတို့က ကျွန်တော့်ကို အသက်ကြီးနေ ပြီလို့ဆိုပြီး အသင်းကြီးတစ်သင်းအတွက် အမြင့်ဆုံးအဆင့်မှာ သိပ်ကြာကြာမကစား နိုင်တော့ဘူးလို့ ပြောတဲ့အချိန်ကတော့ အမှန်တကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ ပါတယ်။ ဒီလိုပြောဆိုမှုမျိုးကို ကျွန်တော် မ ကြိုက်ပါဘူး။ ဘာစီလိုနာအသင်းမှာ သုံးရာသီ သို့မဟုတ် လေးရာသီ ဘာမှမစွမ်းဆောင် နိုင်ဘူးဆိုရင်တော့ ကျွန်တော် ဒါကို နားလည်လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ ဘာစီလိုနာမှာရှိတဲ့နှစ်တိုင်း တစ်ရာသီကို ဂိုး ၂၀ နဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။ လီယို(မက်ဆီ)ပြီးရင် တော့ ကျွန်တော့်မှာ မှတ်တမ်းကောင်းတွေရှိခဲ့ပါတယ်"ဟု ဆွာရက်ဇ်က ပြင်သစ်ဘောလုံး မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ 

ဆွာရက်ဇ်သည် ၂၀၁၅-၁၆ ရာသီက ဘာစီလိုနာအသင်းတွင် ၅၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ဘောလုံးရာသီနှစ်ရာသီတွင်မူ ဂိုးသွင်းနှုန်းအနည်းငယ်ကျဆင်းသွားကာ ၂၃ ဂိုးနှင့် ၂၁ ဂိုးစီသာ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent