■ ဒဏ်ရာပြဿနာရှိနေသော နောက်တန်း၏ရှေ့တွင် ကစားနေရသည့် သီယာဂိုမှာ ကံဆိုးလွန်းသည်ဟု ကလော့ပ် သုံံးသပ်ခဲ့ပြီး ၎င်းအပေါ်ဝေဖန်မှုများကို တုံ့ပြန်

■ ဒဏ်ရာပြဿနာရှိနေသော နောက်တန်း၏ရှေ့တွင် ကစားနေရသည့် သီယာဂိုမှာ ကံဆိုးလွန်းသည်ဟု ကလော့ပ် သုံံးသပ်ခဲ့ပြီး ၎င်းအပေါ်ဝေဖန်မှုများကို တုံ့ပြန်
Published 21 February 2021

လီဗာပူးလ်အသင်းတွင် ခြေစွမ်းမပြနိုင်ဟု ဝေဖန်ခံနေရသော စပိန်လက်ရွေးစင်ကွင်းလယ်လူ သီယာဂိုနှင့်ပတ်သက်၍ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ပြင်းထန်သောစကားများဖြင့် တုံ့ပြန်ခဲ့သည်။

သီယာဂိုမှာ လီဗာပူးလ်အသင်း၏ ကစားဟန်နှင့်ကိုက်ညီမှုမရှိဟူသည့် ဝေဖန်မှုများရှိနေပြီး ၎င်းကိုအသုံးပြုသောပွဲများတွင် အသင်း၏အတက်အဆင်းလျင်မြန်သောကစားပုံကို ထိခိုက်စေသည်ဟု ဘောလုံးဝေဖန်သူအချို့က သုံးသပ်ခဲ့ကြသည်။  

လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီကာရေဂါကလည်း ယခုနောက်ပိုင်းပွဲစဉ်များတွင် လီဗာပူးလ်အသင်း ရလဒ်ဆိုးများ ကြုံတွေ့ရာ၌ သီယာဂိုမှာ ခံစစ်တာဝန်ပျက်ကွက်မှုများရှိကြောင်း ရုပ်သံဝေဖန်မှုတွင် သုံးသပ်ခဲ့သည်။ 

ယာဂန်ကလော့ပ်က သီယာဂိုအနေဖြင့် လက်ရှိအချိန်တွင် လီဗာပူးလ်အသင်း၌ကစားနေရခြင်းမှာ ကံဆိုးလွန်းကြောင်း၊ အသင်းရှိ ခံစစ်ကစားသမားများ ဒဏ်ရာပြဿနာရှိနေပြီး ယင်းအခြေအနေကြုံတွေ့နေရသော နောက်တန်း၏ရှေ့တွင်ကစားနေရသည့် သီယာဂိုမှာ အမှန်တကယ် ကံမကောင်းကြောင်း ပြောကြားခဲ့သည်။ 

ထို့ပြင် သီယာဂိုအနေဖြင့် မတူညီသောလိဂ်သို့ ရောက်ရှိလာခြင်းဖြစ်၍ အချိန်ယူရန်လိုအပ်ကြောင်းလည်း ကလော့ပ်က ဆိုခဲ့သည်။ 

ကလော့ပ်သည် မီဒီယာများနှင့်တွေ့ဆုံမှုတွင် သီယာဂိုနှင့်ပတ်သက်၍ ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး၊ ''Bull***''ဟူသော ကြမ်းတမ်းသည့်စကားများကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent