မန်ယူခံစစ်အတွဲဖြစ်သည့် လင်ဒီလော့ဖ်နှင့် မက်ဂွိုင်းရားတို့အကြား စုစည်းမှုမရှိဟု ဂယ်ရီနဗီးလ် ဝေဖန်

မန်ယူခံစစ်အတွဲဖြစ်သည့် လင်ဒီလော့ဖ်နှင့် မက်ဂွိုင်းရားတို့အကြား စုစည်းမှုမရှိဟု ဂယ်ရီနဗီးလ် ဝေဖန်
Photos : Getty Images
Photos : Getty Images
Published 17 February 2021

 

မန်ယူအသင်း၏နောက်ခံအတွင်းလူ များဖြစ်သည့် လင်ဒီလော့ဖ်နှင့် မက်ဂွိုင်းရား တို့အကြား ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ စုစည်းမှုမရှိဟု မန်ယူနောက်ခံလူဟောင်းနှင့် ရုပ်သံအစီအစဉ်ဝေဖန်သူ ဂယ်ရီနဗီးလ်က  သုံးသပ်ခဲ့သည်။

လင်ဒီလော့ဖ်သည် ဝက်စ်ဘရွန်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် ပေးလိုက်ရသည့်ဦးဆောင်ဂိုးမှာ သူ၏အမှားမကင်သဖြင့် ဝေဖန်ခံခဲ့ရခြင်းဖြစ်သည်။ "လင်ဒီလော့ဖ်ကိုပဲ ကျွန်တော်က အဓိကပြောလိုပါတယ်။ လင်ဒီလော့ဖ်ရဲ့ပြဿနာက မက်ဂွိုင်း ရားဖြစ်ပြီး မက်ဂွိုင်းရားရဲ့ပြဿနာကလည်း လင်ဒီလော့ဖ်ပါပဲ။ သူ(လင်ဒီလော့ဖ်)က ကစားသမားကောင်းတစ်ဦးလို့ ယူဆပါတယ်။  ပြီးတော့ သူဟာ ပွဲတွေကို နားလည်နိုင်စွမ်းနဲ့ ဖတ်နိုင်စွမ်းရှိသူပါ။ သူ့လို နောက်ခံလူကောင်း တစ်ဦးအနေနဲ့ ဖာဒီနန် သို့မဟုတ် ဗန်ဒိုက်တို့ တစ်ဦးဦးနဲ့ကစားရရင် ပိုမိုကောင်းမွန်တဲ့ အတွဲ ဖြစ်နိုင်ပါတယ်"ဟု ဂယ်ရီနဗီးလ်က Sky Sports ရုပ်သံ၏ Monday Night အစီအစဉ်တွင် ပြောကြားခဲ့သည်။  

ထို့ပြင် ဂယ်ရီနဗီးလ်က မန်ယူအသင်းအနေဖြင့် ဒဏ်ရာမကြာခဏရရှိနေသည့် အိုင်ဗရီ ကို့စ်နောက်ခံလူ ဘာယီကဲ့သို့ Profile မျိုးရှိ သောကစားသမားသစ်တစ်ဦးကို ခေါ်ယူသင့် ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ သို့ သော် ယင်းသို့ပြောဆိုခြင်းကြောင့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအမြင့်ဆုံး နောက်ခံလူဖြစ် သည့် မက်ဂွိုင်းရားကို ဖယ်ရှားစေရန် ဆန္ဒမရှိဟုလည်း ဂယ်ရီနဗီးလ်က ဆိုခဲ့သည်။

Most Read

Most Recent