မန်ယူအသင်းတွင် Lockdown ကာလပြီးကတည်းက အခွင့်အရေးမရခဲ့ဟု လင်ဂတ် ပြောကြား

မန်ယူအသင်းတွင် Lockdown ကာလပြီးကတည်းက အခွင့်အရေးမရခဲ့ဟု လင်ဂတ် ပြောကြား
Photos : Getty Images
Photos : Getty Images
Published 17 February 2021

လက်ရှိတွင် ဝက်စ်ဟမ်းအသင်းတွင် အငှားကစားနေသည့် မန်ယူကွင်းလယ်တိုက် စစ်ကစားသမား လင်ဂတ်က Lockdown ကာလနောက်ပိုင်း မန်ယူအသင်းတွင် အခွင့် အရေးမရရှိခဲ့ဟု ပြောကြားခဲ့သည်။

လင်ဂတ်သည် ဇန်နဝါရီအပြောင်းအ ရွှေ့ကာလ နောက်ဆုံးရက်တွင် ဝက်စ်ဟမ်း အသင်းသို့ ပြောင်းရွှေ့ရက်ဆုံးဖြတ်ခြင်းမှာ မန်ယူအသင်းတွင် အခွင့်အရေးမရှိခြင်း ကြောင့်ဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့ခြင်းဖြစ်သည်။ 

"Lockdown ကာလပြီးချိန်မှာ မန်ယူအသင်းလူစာရင်းထံ အသန်မာဆုံးနဲ့ ကြံ့ခိုင်မှုအပြည့်ဆုံးကစားသမားတစ်ဦးအဖြစ် ပြန်လာခဲ့ပါတယ်။ ကျွန်တော့်အတွက် အခွင့်အရေး မရခဲ့ပါဘူး။ ဒါပေမဲ့ ဆက်စောင့် နေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာရှိချိန် တစ်ခုလုံး ကျွန်တော့်အတွက် ကစားဖို့ အခွင့် အရေးမရခဲ့ပါဘူး။ ကျွန်တော်ကတော့ အပို လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ပြီး ကြံ့ခိုင်မှု ကို ထိပ်ဆုံးအဆင့်မှာ ဆက်ရှိနေစေဖို့ ကြိုးပမ်းခဲ့ပါတယ်"ဟု လင်ဂတ်က BT Sports သို့ ပြောကြားခဲ့သည်။ 

လင်ဂတ်သည် ဝက်စ်ဟမ်းအသင်းနှင့် ပွဲဦးထွက်ဖြစ်သည့် ဗီလာ အသင်းအား (၃-၁)ဂိုးဖြင့်အနိုင်ရသည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးသွင်းပေးခဲ့ပြီး ရှက်ဖီးယူနိုက်တက်ကို (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲ တွင်လည်း ဝက်စ်ဟမ်းအသင်း၏ပယ်နယ်တီ အဖွင့်ဂိုးမှာ သူ့ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။  

ယင်းပယ်နယ်တီကို လင်ဂတ်က ကိုယ်တိုင် ကန်သွင်းယူလိုသဖြင့် ဒက်ကလန်ရိုက်နှင့် အချေအတင်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြေလည်မှု ပြန်လည်ရရှိခဲ့သည်။    

Most Read

Most Recent