လန်းစ်အသင်းနောက်ခံလူ မီဒီနာကို ခေါ်ယူရန် မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေ

လန်းစ်အသင်းနောက်ခံလူ မီဒီနာကို ခေါ်ယူရန် မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေ
Photo: Getty Images
Photo: Getty Images
Published 17 February 2021

မန်ချက်စတာယူနိုက်တက်အသင်းသည် လန်းစ်အသင်းမှ အာဂျင်တီးနားနောက်ခံလူ မီဒီနာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

အသက် (၂၁)နှစ်အရွယ်ရှိ မီဒီနာသည် ပြီးခဲ့သည့်နှစ်တွင် အာဂျင်တီးနားလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အလားအလာရှိသူအဖြစ် အကဲဖြတ်ခံထားရသည်။ 

မီဒီနာသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် လန်းစ်အသင်းသို့ ပေါင်(၂.၇)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး မန်ယူအသင်းက ပေါင်(၁၁)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

သို့သော် လက်ရှိအချိန်တွင် အေစီမီလန်အသင်းကလည်း မီဒီနာကို ခေါ်ယူရန် ချိန်ရွယ်လာသည့်အတွက် မန်ယူအသင်းအနေဖြင့် ယင်းပမာဏဖြင့် ခေါ်ယူနိုင်ရန် မလွယ်ကူတော့ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။ 

မီဒီနာကိုယ်တိုင်ကလည်း စီးရီးအေသို့ပြောင်းရွှေ့ရန် ပိုမိုဆန္ဒရှိနေကြောင်းလည်း သိရသည်။ 

Most Read

Most Recent