■ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်
Published 16 February 2021

■ လိုက်ပ်ဇစ် - လီဗာပူးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၂း၃၀ နာရီ)

လီဗာပူးလ်ပစ်မှတ်ထားနေတဲ့ ကိုနာတေးက အော့စ်ဘတ်ကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာက ပြန်သက်သာလာပြီး လိုက်ပ်ဇစ်အတွက် ပြန်ဝင်ကစားခဲ့တာတွေ့ရတယ်။ လိုက်ပ်ဇစ်က (၃-၅-၂) ပဲ ကစားဖို့ များပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းဖို့ သဘောတူ ထားပြီဆိုတဲ့ အူပါမယ်ကာနိုက ခံစစ်ကို ဦးဆောင်မယ်။ အန်ဟယ်လေနိုက မန်စီးတီးကစားသမားအဖြစ် လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး၊ လက်ရှိခြေစွမ်းက အာနိုးလ်ကို ဒုက္ခပေးနိုင်တဲ့ခြေစွမ်းမျိုးလည်းဖြစ်တယ်။ အန်ကန်ကူ-ပေါလ်ဆင်တိုက်စစ်အတွဲက လီဗာပူးလ်ကို အမြင့်ဘော၊ အနိမ့်ဘော ဒုက္ခပေးနိုင်တယ်။ အထူးသဖြင့် ပေါလ်ဆင်ရဲ့အမြင့်ဘောစွမ်းရည်ကို လီဗာပူးလ်ခံစစ် သတိပြုရမယ်။ လီဗာပူးလ်ကတော့ မှန်းဆရလွယ်ကူပြီး၊ ပုံမှန်ကစားနေကျ လူစာရင်းကိုပဲ သုံးလိမ့်မယ်။ လက်ရှိအချိန်မှာ အ သင်းရဲ့ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ နိမ့်ကျနေပြီး၊ ပရီးမီးယားလိဂ်မှာ ဘရိုက်တန်၊ မန်စီးတီး၊ လက်စတာတို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ မန်စီးတီးနဲ့ လက်စတာကို (၇)ဂိုးပေးခဲ့ရတဲ့ ခံစစ်က စိတ်ပျက်စရာဖြစ်ပြီး၊ ဒီပွဲမှာ ဂိုးတွေဆက်ပေးရမလား၊ ဒီပွဲကို တွန်းအားအဖြစ် ပြန်သုံးပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်မလားဆိုတာကို စောင့်ကြည့်ရမယ်။ ဒီပွဲက ကြားကွင်းမှာ ကစားမှာပါ။ ဒါပေမဲ့ လက်ရှိအနေအထားအရတော့ လိုက်ပ်ဇစ်ကို ပိုကြိုက်တယ်။ 

■ ဘာစီလိုနာ - PSG (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၂း၃၀ နာရီ)

အသင်းဟောင်း ဘာစီလိုနာနဲ့ ကစားရမယ့်ပွဲမှာ နေမာ မကစားနိုင်တာက PSG အတွက် စိတ်ပျက်စရာပါ။ နေမာ မပါနိုင်သလို၊ ဘာစီလိုနာအသင်းရဲ့ကွင်းမှာ သွားကစားရမှာလည်ဖြစ်လို့ ပိုချက်တီနိုရဲ့ (၄-၂-၃-၁) မှာ ဂေးယီ ပါလာနိုင်ပြီး၊ ပိုချက် တီနိုလက်ထက်မှာ အဓိကကစားသမားအဖြစ် ကစားခွင့်ရနေတဲ့ ပါရေဒက်စ်နဲ့ Double-pivot မှာ တွဲကစားနိုင်တယ်။ နေမာ မပါတဲ့အတွက် ဗာရက်တီက တိုက်စစ်ကို ပိုလိုက်ပေးပြီး၊ No.10 Role ကို တက်ဖြည့်မယ်။ ဒါမှမဟုတ်လည်း ဂေးယီက ခံစစ်မှာ အထိုင်ကစားပြီး၊ ပါရီဒက်စ်-ဗာရက်တီအတွဲက အသင်းဟန်ချက်ကို ထိန်းမယ်။ ဘာပေက နေမာရဲ့ဘယ်တောင်ပံမှာ ထွက်ကစားနိုင်ပြီး၊ ဒီမာရီယာက ညာတောင်ပံမှာ ရှိမယ်။ တိုက်စစ်မှူးနေရာမှာ အီကာဒီ ကစားနိုင်တယ်။ ဘာစီလိုနာကတော့ ဂိုးတွေသွင်းလာတဲ့ ထရင်ချာအိုကို သုံးနိုင်တယ်။ မက်ဆီ၊ ဂရီးဇ်မန်းတို့က တိုက်စစ်ကို ဦးဆောင်ပြီး၊ ကွင်းလယ်မှာတော့ ဘူးစကွက်စ်အထိုင်၊ ယာနစ်၊ ဒီယွန်းတို့ ကစားနိုင်တယ်။ မက်ဆီ-ဘာပေ အားပြိုင်ပွဲကို စောင့်ကြည့်ရမှာဖြစ်ပြီး ဘယ်သူက ပြိုင်ဘက်ရဲ့ စုစည်းမှုကို ဖြိုခွင်းမလဲဆိုတာကို ကြည့်ရမယ်။ ပိုချက်တီနိုရဲ့အသင်းက Counter Attack ကိုလည်း အားပြုနိုင်ပါတယ်။ လက်ရှိအနေအထားအရတော့ ဘာစီလိုနာကိုပိုကြိုက်တယ်။ 

Most Read

Most Recent